ရှေ့သို့
Image

ပဲလေ့စ်နဲ့ ပွဲအပြီးမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ခန့်မှန်းလိုက်တဲ့ ဗီအဲရာ

12:31 PM, 20 January

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ သရေကျခဲ့ပေမယ့်လည်း ဗီအဲရာက ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အာဆင်နယ်ကို စိန်ခေါ်နိုင်မယ့်အသင်းလို့ ယုံကြည်နေပါတယ်။ တန်ဟက်ရဲ့ယူနိုက်တက် အသင်းဟာာ ပြိုင်ပွဲစုံ ၁၀ ပွဲဆက်အနိုင်ရရှိတဲ့စံချိန်ကို ရရှိခဲ့ပြီး ထိပ်ဆုံးနေရာက အာဆင်နယ်နဲ့ ၆ မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။

အိုလစ်ဆီရဲ့ဖရီးကစ်ကြောင့် ပဲလေ့စ်ဟာ အိမ်ကွင်းမှာ ယူနိုက်တက်ဆီကနေ သရေ ၁ မှတ် ရယူနိုင်ခဲ့ကာ ကက်စ်မဲရိုးကတော့ ဒီရာသီအဝါကတ် ၅ ကတ်ပြည့်ခဲ့တာကြောင့် အာဆင်နယ်နဲ့ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။ အာဆင်နယ်နဲ့ပွဲမတိုင်ခင် ပဲလေ့စ်နည်းပြ ဗီအဲရာက အာဆင်နယ်ကို မန်စီးတီးအပြင် ယူနိုက်တက်ကလည်း စိန်ခေါ်နိုင်တယ်ဆို့ ဆိုပါတယ်။

“ကျွန်တော် အခုတော့ နယူးကာဆယ်နဲ့ပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ချန်ပီယံလိဂ် ဒါမှမဟုတ် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်တဲ့အသင်း ၂ သင်းရှိပါတယ်။ ၂ သင်းစလုံးက ချန်ပီယံဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ ထိပ်တန်းကစားသမားတွေရှိလို့ပါ”လို့ ဗီအဲရာက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟက်ကလည်း ပဲလေ့စ်နဲ့ပွဲက အသင်းရဲ့စွမ်းဆောင်ရည်ကို ကျေနပ်မိတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့  ၂ မှတ်တော့ ဆုံးရှုံးလိုက်ရပါတယ်။ အနိုင်ရဖို့ ၂ မိနစ်လောက်ပဲ လိုတော့တာပါ။ ပဲလေ့စ်က အခွင့်အရေးကောင်းတခုလောက်တောင် မဖန်တီးနိုင်ခဲ့ပါဘူး။ ဒီဖရီးကစ်ကနေပဲ ဂိုးရသွားခဲ့တာပါ။ ဒုတိယပိုင်းမှာ အခွင့်အရေးတွေရခဲ့ပေမယ့် ကျွန်တော်တို့ ဒုတိယဂိုးမရခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတာပြောဖို့တော့ ခက်ပါတယ်။ ကျွန်တော့်အသင်းကို ဝေဖန်ဖို့ပဲရှိပါတယ်”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာဆင်နယ် #ခရစ္စတယ်ပဲလေ့စ် #ဗီအဲရာ #အဲရစ်တန်ဟက်