ရှေ့သို့
Image

အယ်လီက ဘက်ဆစ်တက်မှာ ကစားဖို့ မထိုက်တန်ကြောင်း နည်းပြ ဂန်နက်စ် ပြောကြား

12:23 PM, 20 January

ဘက်ဆစ်တက်နည်းပြ ဂန်နက်စ်က အငှားလာကစားနေတဲ့ အလီတစ်ယောက် အသင်းမှာ ကစားဖို့ မထိုက်တန်ကြောင်း ပြောကြားလိုက်ပြီး အသင်း တာဝန်ရှိသူတွေက စာချုပ်ဖျက်သိမ်းပြီး အဲဗာတန်ကို ပြန်လွှတ်ဖို့ ပြင်ဆင်နေပါတယ်။ အင်္ဂလန်သားရဲ့အငှားလာကစားတဲ့အခြေအနေက စိတ်ပျက်စရာဖြစ်ခဲ့ပြီး ၁၀ ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ကာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လတုန်းက ပွဲတစ်ပွဲအတွင်း လူစားဝင်ကစားစဉ်အတွင်း ပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဂန်နက်စ်နဲ့ အယ်လီတို့ကြား အဆင်မပြေမှုတွေဖြစ်ခဲ့ပြီး အယ်လီတစ်ယောက် အရန်ခုံမှာပဲ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။

“သူ့ရဲ့လက်ရှိအခြေအနေက ကျွန်တော်တို့လိုချင်တဲ့အနေအထားမျိုးမရောက်ပါဘူး။ ကျွန်တော်တို့ စဉ်းစားရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အယ်လီက အသင်းအတွက် ပါဝင်ကစားဖို့ မထိုက်တန်ပါဘူး။ ကစားသမားကို အဲဗာတန်အသင်းဆီ ပြန်လွှတ်ဖို့ ပြင်ဆင်တာ ဒါမှမဟုတ် တခုခု စီစဉ်ရမှာပါ။ ကျွန်တော်တို့လိုချင်သလို အသင်းကို အကူအညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ သူအသင်းကို အကူအညီမပေးနိုင်ပါဘူး။ သူ့အခြေအနေကို ပြန်လည်စဉ်းစားရပါမယ်”လို့ ဂန်နက်စ်က ပြောကြားခဲ့ပါတယ်။

#ဘက်ဆစ်တက် #အယ်လီ