ရှေ့သို့
Image

ဘယ်လင်ဂမ်လို လူငယ်ကွင်းလယ်ကစားသမား ၄၊ ၅ ဦးလောက် အီတလီမှာ ရှိပါတယ်လို့ ပြောခဲ့တဲ့ မန်ချီနီ

9:10 AM, 20 January

အသက် ၁၉ နှစ်အရွယ် ဂျုဒ်ဘယ်လင်ဂမ်ဟာ ကမ္ဘာ့ဖလားတွင် ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့တဲ့ ဆောက်ဂိတ်ရဲ့ အသင်းအတွက် ကောင်းမွန်သော စွမ်းဆောင်ရည်တွေပေးကာ ခြေစွမ်းပြသခဲ့သူဖြစ်ပါတယ်။ ဘယ်လင်ဂမ်ဟာ အုပ်စုB ရဲ့ ပွဲစဉ်အဖြစ် အီရန်အား အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂိုးသွင်းခဲ့သလို ၁၆ သင်း အဆင့် ဆီနီဂေါအား အနိုင်ရရှိတဲ့ပွဲမှာလည်း ဂိုးသွင်းနိုင်ခဲ့သူပါ။

သူဟာ ဒေါ့မွန်အတွက်လည်း အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး လက်ရှိရာသီ ဘွန်ဒက်စ်လီဂါပွဲစဉ်တိုင်းမှာ ပါဝင်ခွင့်ရရှိထားသူဖြစ်ပါတယ်။ ဒီနွေရာသီမှာ သူဟာ ဒေါ့မွန်ကနေ ထွက်ခွာဖို့နိုင်တယ်ဆိုတဲ့ သတင်းတွေထွက်နေသလို သူ့ကို ဥရောပရှိ အသင်းကြီးတွေကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက် တို့အားလုံးက ပြီးခဲ့တဲ့လတွေမှာ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဘယ်လင်ဂမ်ဟာ သူ့ရဲ့အသက်အရွယ်မှာ အခြားကစားသမားတွေထက် သာလွန်နေတယ်လို့ မန်ချီနီကတော့ မယုံကြည်နေပါဘူး။ ဘယ်လင်ဂမ်လိုပဲ အရည်အချင်းရှိတဲ့ ကစားသမားတွေက သူ့ရဲ့အီတလီမှာလည်း ရှိပါတယ်လို့ အင်တာမီလန်နည်းပြဟောင်းက ပြောဆိုလိုက်ပါတယ်။ ဘာကြောင့်လဲဒီလူငယ်တွေ မကျော်ကြားလာလဲဆိုတော့ အီတလီရှိကလပ်တွေဟာ လူငယ်ကစားသမားတွေကို ချက်ချင်းဆိုသလို အဆင့်မြင့်တဲ့အနေအထားတွေမှာ ကစားခွင့်မပေးလို့ပဲဖြစ်ပါတယ်။

FIGC နှင့် Adidas တို့ရဲ့ ပူးတွဲလုပ်ငန်း ကြေညာမှုအတွက် အခမ်းအနားတွင် မန်ချီနီက Calcio Mercato သို့ "ဘယ်လင်ဂမ်လို လူငယ်ကစားသမားမျိုးတွေ အီတလီမှာမရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ဘယ်လင်ဂမ်လိုကစားသမားတွေ ၄ ဦး ၅ ဦးအထိရှိပါတယ်"လို့ ပြောခဲ့ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက ဂွါဒီယိုလာမှာ လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းက အာဆင်နယ်ကွင်းလယ်ကစားသမား ဝီရှိုင်းယားရအတွက် ထင်မြင်ချက်တစ်ခုရှိခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ် ဝီရှိုင်းယားဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘာစီလိုနာအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပါဝင်ခဲ့ပါတယ်။ သူဟာ ပရိသတ်တွေ၊ အားကစားဝေဖန်သူတွေထံမှ ချီးကျူးမှုတွေကိုရရှိခဲ့ပြီး ဒါကို ဂွါဒီယိုလာက နားမလည်တဲ့ပုံဖြစ်နေတာပါ။

အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ သာမန်မဟုတ်ဘူးဆိုတဲ့အရာကို ငြင်းဆိုခဲ့ပြီး သူလိုကစားသမားတွေ ကတ္တလန်ကလပ်ရဲ့ အကယ်ဒမီမှာ အများကြီးရှိပါတယ်လို့ ဂွါဒီယိုလက ပြောဆိုခဲ့ပါတယ်။ အဲ့ဒီတုန်းက ဂွါဒီယိုလာက "ဝီရှိုင်းယားက ထိပ်တန်းအဆင့်ရှိတဲ့ ကစားသမားပါ။ သူက အာဆင်နယ်မှာသာမက လက်ရွေးစင်အသင်းမှာပါ အရမ်းကိုကောင်းပါတယ်" "သူလိုကစားသမားမျိုးတွေ ကျွန်တော်တို့ရဲ့ဘီအသင်းမှာ အများကြီးရှိပါတယ်။ သူဟာ ဆုဖလားတွေရရှိမယ့် သူ့ရဲ့ကလပ်မှာ ဖိအားတွေမရှိဘဲ ကစားနိုင်တာကြောင့် အရမ်းကိုကံကောင်းပါတယ်" လို့ ပြောပါတယ်။

ဝီရှိုင်းယားဟာ အာဆင်နယ်နှင့်အတူ အက်ဖ်အေဖလား ရရှိကာ အဆုံးသတ်ခဲ့ရပြီး သူ့ရဲ့ ကြီးမားတဲ့ အလားအလာက ကျရှုံးခဲ့ရတာဖြစ်ပါတယ်။ ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ ဒိန်းမတ်ကလပ် AGF တို့မှာ ကစားခဲ့ပြီးနောက် ၂၀၂၂ခုနှစ်မှာ သူဟာ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

#အီတလီ #ဒေါ့မွန် #ဘွန်ဒက်စ်လီဂါ #ဘယ်လင်ဂမ် #မန်ချီနီ