ရှေ့သို့
Image

ကလပ်အသင်းဖော်သစ် ဖြစ်လာမယ့်သူကို နွေးနွေးထွေးထွေးကြိုဆိုလိုက်တဲ့ မိုရာတာ

3:54 PM, 19 January

ဒီနေ့မနက်ပိုင်း၊ လီဗန်တေးနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ ရင်ဆိုင်ရတဲ့ ကိုပါဒယ်ရေးဖလားပွဲစဉ်မှာ စိတ်လှုပ်ရှားစရာအပြည့်နဲ့ ယှဉ်ပြိုင် ကစားခဲ့ပြီး ဆီမြွန်နီရဲ့အသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်အတွက် အဖွင့်ဂိုးကို မိုရာတာက သွင်းယူပေးခဲ့ပြီး အနိုင်သေချာစေမယ့်ဂိုးကို လော်ရန်တေးက သွင်းယူပေးခဲ့ပါတယ်။ လီဗန်တေးနဲ့ ကိုပါဒယ်ရေးဖလားပွဲစဉ်အပြီး TVE သတင်းဌာနနဲ့တွေ့ဆုံချိန် မိုရာတာက အသင်းရဲ့စိတ်ဓါတ်ပိုင်းအတွက် အခုနိုင်ပွဲရဲ့ အရေးပါမှုအပေါ် မီးမောင်းထိုး ပြောပြခဲ့ပါတယ်။

မိုရာတာက “အသင်းအနိုင်ရနေချိန်ဆို အရာရာတိုင်း လွယ်ကူနေပြီး ဘဝက ပျော်စရာကောင်းနေမှာပါ”လို့ ဆိုပါတယ်။ မကြာခင်မှာ အသင်းဖော်သစ်ဖြစ်လာဖွယ်ရှိနေတဲ့ ဘာစီလိုနာ ကစားသမား ဒီပိုင်းနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ချိန်မှာ မိုရာတာက “ထိပ်တန်း ကစားသမားတစ်ဦးပါ။ ကြိုဆိုပါတယ်၊ အက်သလက်တီကိုမက်ဒရစ်ဆိုတဲ့နေရာက ခင်ဗျားကို ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်မယ့် နေရာတစ်ခုဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ ဒါကို စောင့်မျှော်နေပြီး အသင်းအတွက် ကူညီပေးဖို့ ရောက်ရှိလာသူတိုင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုသွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။

ဒီပိုင်းနဲ့ ဘာစီလိုနာနည်းပြ ဇာဗီတို့ ကစားသမားအနာဂတ်အကြောင်းဆွေးနွေးခဲ့ပြီးနောက် နယ်သာလန်လက်ရွေးစင် ကစားသမားဟာ ဗုဒ္ဓဟူးနေ့နေ့လည်ပိုင်း၊ ဘာစီလိုနာရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို လွဲချော်ခဲ့ပါတယ်။

#မိုရာတာ #အက်သလက်တီကို #လီဗန်တေး #ကိုပါဒယ်ရေး