ရှေ့သို့
Image

နွေရာသီမှာ အဒါမာထရာအိုရေးနဲ့ အလွတ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုစတင်ခဲ့တဲ့ နာပိုလီ

4:27 PM, 18 January

နာပိုလီ အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ အလွတ်နဲ့ ခေါ်ယူလို့ရမယ့် ဝုဗ် တောင်ပံကစားသမား အဒါမာထရာအိုရေးအတွက် ကနဦးစာချုပ်ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စပိန်လက်ရွေးစင်ရဲ့ စာချုပ်ဟာ ၂၀၂၃ နွေရာသီမှာ သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ဝုဗ်နဲ့စာချုပ်သက်တမ်း မတိုးဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တာကြောင့် အလွတ်နဲ့ ပြောင်းရွှေ့မှာပဲ ဖြစ်ပါတယ်။ အဲဖရက်ဒိုပီဒူလာရဲ့ သတင်းအရ ထရာအိုရေးဟာ အင်္ဂလန်ကလပ်နဲ့ စာချုပ်မချုပ်တော့တာ သေချာနေတာကြောင့် ကမ်းလှမ်းမှု အသစ်တွေကို စောင့်ကြိုနေတယ်လို့ သိရပါတယ်။

တောင်ပံကစားသမားကို စိတ်ဝင်စားနေတဲ့ အသင်းတွေလည်း အများအပြားရှိနေပြီး ဒီထဲမှာ နာပိုလီကလည်း အခြေအနေကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်လျက်ရှိပါတယ်။ နာပိုလီဟာ ဘာစီလိုနာကစားသမားဟောင်းကို တစ်ရာသီကို ယူရို ၂.၅ သန်းကနေ ၃ သန်းထိ ရရှိမယ့် ကနဦးကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်ထားပြီး ကစားသမားရဲ့ ရည်မှန်းချက်နဲ့လည်း နီးစပ်မှုရှိတယ်လို့ ဆိုပါတယ်။

နွေရာသီမှာ အသင်းရဲ့တောင်ပံကစားသမား ဟာဗင်လိုဇာနိုကလည်း ထွက်ခွာဖွယ်ရှိတာကြောင့် ထရာအိုရေးက နာပိုလီရဲ့ အစီအစဉ်တွေနဲ့ အကိုက်ညီဆုံးသော ကစားသမား တစ်ယောက်လည်း ဖြစ်နေပါတယ်။
#ဝုဗ် #နာပိုလီ #အပြောင်းအရွှေ့ #ထရာအိုရေး