ရှေ့သို့
Image

အင်တာသို့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဒီပေးရဲ့ရှေ့နေတွေ ငြင်းဆို

11:32 AM, 18 January

ဘာစီလိုနာစတား ဒီပေးရဲ့ရှေ့နေတွေက မိမိကစားသမားဟာ ဘာစီလိုနာနဲ့ အင်တာကြား ကစားသမားအလဲအထပ်မှာ ပါဝင်မှာမဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။

နယ်သာလန်သားဟာ ဘာစီလိုနာမှာ ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် အခုဆောင်းဈေးကွက်မှာ အသင်းပြောင်းဖို့ များနေတာဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၂၈ နှစ်သားတစ်ယောက် အီတလီမြေကိုပြောင်းမယ်လို့ သတင်းတွေထွက်နေပြီး ဘာစီလိုနာက အင်တာမီလန်နဲ့ ကစားသမားအလဲအထပ်လုပ်ချင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒါပေမယ့် ဒီပေးရဲ့ကိုယ်စားလှယ်တွေကတော့ ဒီပေးနဲ့ အင်တာတို့ကြားမှာ စကားပြောဆိုမှုမရှိဘူးလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။ ရိုမာနိုရဲ့သတင်းအပေါ် ဒီပေးရဲ့ကိုယ်စားလှယ် လီဒူရီက “ဒီပေး နဲ့ အင်တာတို့ကြားမှာ ဘာဆွေးနွေးမှုမှ မရှိပါဘူး။ ကျွန်တော် ဒီသတင်းတွေကို ပယ်ချချင်ပါတယ်။ ဘာဆွေးနွေးမှုမှမရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာ နည်းပြ ဇာဗီကလည်း အလဲအထပ်ကို ငြင်းဆန်ခဲ့ပြီး လက်ရှိအချိန်မှာ ဒီပေးက လာလီဂါမှာ ၁၁၆ မိနစ်သာ ပါဝင်ခွင့်ရရှိထားကာ ပြိုင်ပွဲစုံ ၄ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပေး အပြောင်းအရွှေ့ အခုဆောင်းဈေးကွက်မှာ အဆင်မပြေခဲ့ရင် လာမယ့်နွေရာသီမှာ ထွက်ခွာဖွယ်ရှိနေကာ စာချုပ်သက်တမ်းကလည်း ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

#ဘာစီလိုနာ #ဒီပေး #အပြောင်းအရွှေ့