ရှေ့သို့
Image

ပင်နယ်တီ အဆုံးအဖြတ်နဲ့ အာဂျင်တီးနား ကမ္ဘာ့ဖလား မရခင် စကားအချို့ပြောဆိုခဲ့တဲ့ မက်ဆီ

10:41 AM, 18 January

၂၀၂၂ ကမ္ဘာ့ဖလားဖိုင်နယ်မှာ အာဂျင်တီးနားအသင်း ပင်နယ်တီအဆုံးအဖြတ်နဲ့ ကမ္ဘာ့ဖလားမရခင် မက်ဆီအနေနဲ့ ကောင်းကင်ကိုကြည့်ပြီး အဘွားဖြစ်သူထံ စကားလုံးအချို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ပြင်သစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး အာဂျင်တီးနားအသင်းနဲ့ အတူ ပထမဆုံးကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂွန်ဇာလိုမွန်တီယယ်က ၅ ကြိမ်မြောက် ပင်နယ်တီမကန်ခင်မှာ မက်ဆီက ပင်နယ်တီ တစ်ကြိမ်ဝင်အောင်ကန်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် မယ်တီယယ်မကန်ခင်မှာ မက်ဆီတစ်ယောက် ကောင်းကင်ကိုမော့ကြည့်ပြီး သူ့အဘွားဖြစ်သူထံ စကားအချို့ပြောဆိုခဲ့တာဖြစ်ပါတယ်။

မက်ဆီတစ်ယောက် တီးတိုးပြောကြားရာမှာ “ဒီနေ့ပဲဖြစ်လိမ့်မယ် အဘွားရေ”လို့ အာဂျင်တီးနား ဘာသာစကားနဲ့ မွန်တီယယ်မကန်ခင်မှာ ဆိုခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ဂိုးသွင်းပြီးအောင်ပွဲခံရာမှာ ကောင်းကင်ကိုမော့ကြည့်ပြီး အဘွားဖြစ်သူကို ဂုဏ်ပြုတဲ့အနေနဲ့ လက်မြှောက်ပြီး အောင်ပွဲခံလေ့ရှိတာဖြစ်ပါတယ်။

ဆီလီယာဟာ အရပ်ပုပေမယ့် မက်ဆီကို လူငယ်ဘဝဘောလုံး ကစားဖြစ်အောင် ပြည်တွင်းနည်းပြကို စည်းရုံးခဲ့တာဖြစ်ပါတယ်။  မက်ဆီဟာ ပီအက်စ်ဂျီထံပြန်ရောက်နေပြီဖြစ်ကာ မကြာခင်မှာ ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းနဲ့ ခြေစမ်းပွဲ ကစားမှာဖြစ်ပါတယ်။

#အာဂျင်တီးနား #မက်ဆီ #၂၀၂၂ကမ္ဘာ့ဖလား