ရှေ့သို့
Image

မြောက်လန်ဒန်ဒါဘီပွဲအပြီးမှာ မာတင်နယ်တီကို တောင်းပန်လိုက်တဲ့ ရစ်ချာလီဆင်

10:53 AM, 17 January

တနင်္ဂနွေနေ့က မြောက်လန်ဒန်ဒါဘီပွဲအပြီးမှာ ရစ်ချာလီဆင်တစ်ယောက် ဘရာဇီးအသင်းဖော် မာတင်နယ်လီကို တောင်းပန်လိုက်ပါတယ်။ တော့တင်ဟမ်တိုက်စစ်မှူးဟာ မာတင်နယ်လီရဲ့ လက်ဝါးချင်းရိုက်တာကို လျစ်လျူရှုခဲ့တာဖြစ်ပြီး အဲ့နောက် လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။

မြောက်လန်ဒန်ဒါဘီမှာ တော့တင်ဟမ်ဟာ နှစ်အတော်ကြာအိမ်ကွင်းမှာ ရေပန်းစားခဲ့ပေမယ့် တော့တင်ဟမ်ဟာ ပထမပိုင်းမှာ အာဆင်နယ်ကို မယှဉ်နိုင်ခဲ့တာဖြစ်ပါတယ်။ အာတီတာရဲ့အာဆင်နယ်က တော့တင်ဟမ်ကို လိုရစ်ရဲ့ OG ၊ မာတင်အိုဒီဂတ်ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ တော့တင်ဟမ်ကစားအားတက်လာခဲ့ပေမယ့် ချေပဂိုးတွေ မရခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် မာတင်နယ်လီကို တောင်းပန်ချင်ပါတယ်။ သူ့ကိုမင်း ဒိုက်ဗင်တွေ အများကြီးပစ်တယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါကြောင့် လက်ဆွဲမနှုတ်ဆက်တာပါ။ ပြီးတော့ ဂါဘရီရယ် မာဂယ်ဟေးစ်ကိုလည်း တစ်ချိန်လုံးကစားနေတာကို ရပ်ဖို့ ကျွန်တော်ပြောခဲ့ပါတယ်”လို့ ရစ်ချာလီဆင်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ တော့တင်ဟမ်နိုင်ပွဲကြောင့် အမှတ်ပေးဇယားကို ၈ မှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ တော့တင်ဟမ် ပရိသတ်တစ်ယောက်ဟာ ရမ်စ်ဒဲလ်ရဲ့နောက်ကျောကို ကန်ကျောက်ခဲ့တာကြောင့် ပွဲက အကျည်းတန်ခဲ့သေးတာဖြစ်ပါတယ်။

#တော့တင်ဟမ် #ရစ်ချာလီဆန် #မာတင်နယ်တီ #ပရီးမီးယားလိဂ်