ရှေ့သို့
Image

ဆာအဲလက်စ်ဖာဂူဆန်က ယူနိုက်တက်နည်းပြ ရာထူးနဲ့ ပတ်သက်ပြီး ရွေးချယ်ခွင့်မပေးခဲ့ပါဘူးလို့ ပြောလိုက်တဲ့ မိုယက်စ်

9:57 AM, 17 January

အခြားကလပ်တွေက သူ့အပေါ် စိတ်ဝင်စားခြင်းရှိခဲ့သော်လည်း နည်းပြနေရာကို ဆက်ခံဖို့အတွက် ဖာဂူဆန်က သူ့ကို ရွေးချယ်ခွင့်မပေးခဲ့ပါဘူးလို့ ယူနိုက်တက်နည်းပြဟောင်း မိုယက်စ်က ပြောကြားလိုက်ပါတယ်။

၂၀၁၃ခုနှစ် ဇူလိုင်လတွင် နည်းပြဘဝကနေ အနာယူခဲ့တဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ ဖာဂူဆန်ရဲ့နေရာကို မိုယက်စ်က အစားထိုးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိဝက်စ်ဟမ်း နည်းပြရဲ့ အဆိုပါရာထူးက အဆုံးသတ်ခဲ့သော်လည်း ဖာဂူဆန်အနေနဲ့ သူဟာ နောက်ထပ် ယူနိုက်တက်နည်းပြ ဖြစ်တယ်လို့ မပြောမီ အခြားကလပ်တွေရဲ့ ကမ်းလှမ်းခြင်းကိုခံခဲ့ရပါတယ်လို့ မိုယက်စ်က ပြောကြားလိုက်ပါတယ်။

"ကျွန်တော် ဖာဂူဆန်ရဲ့အိမ်သို့ သွားခဲ့ပြီး ရောက်သွားတဲ့အချိန်မှာ ငါ အနားယူတော့မယ် နောက်ပြီး မင်းက ယူနိုက်တက်ရဲ့ နောက်ထပ်နည်းပြပဲ" "အင်တာဗျူးလည်းမရှိသလို၊ ကျွန်တော့်လည်း ဘာမှမပြောခဲ့ပါဘူး။ ဖြစ်လာသင့်တယ်လို့လည်း မပြောခဲ့ပါဘူး" "ဆာအဲလက်စ် အနားယူတော့မယ်ဆိုတာကို ဘယ်သူမှ မသိခဲ့တာကြောင့် ကျွန်တော်လည်း အံ့ဩသွားခဲ့ပါတယ်။ ဘယ်သူမှ မသိပါဘူး။ ဘယ်သူကမှ ဒီလိုတွေးထင်ခဲ့မှာမဟုတ်ပါဘူး" "ဟုတ်ပါပြီလို့ ပြောပြီးတော့မှ ပြန်ပြင်ဖို့မလုပ်တော့ဘဲ ငြင်းဖို့အနေအထားရောက်နေမှန်းကို မသိခဲ့တာပါ။ ဒါကတော့ ရိုးရိုးလေးပါပဲ" "အဲ့ဒီအချိန်တုန်းက ကျွန်တော့်ကို ကမ်းလှမ်းထားတဲ့ အသင်း ၂ သင်း ၃ သင်းလောက်ရှိခဲ့ပါတယ်။ ဖာဂူဆန်ရောက်လာပြီး ကျွန်တော့်ကို ကမ်းလှမ်းတဲ့အခါမှာ ငြင်းဆန်ဖို့ဆိုတာက အရမ်းကိုခက်ခဲပါတယ်"လို့ မိုယက်စ်က The Diary of a CEO Podcast သို့ ပြောပါတယ်။

မိုယက်စ်ဟာ ယူနိုက်တက်နှင့် ၆ နှစ်သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့သော်လည်း ၁၀ လ အကြာမှာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ ဖာဂူဆန်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ဖို့အတွက် စဉ်းစားခဲ့ပါတယ်သေးတယ်လို့ မိုယက်စ်က ဝန်ခံထားပါတယ်။

"ပြန်စဉ်းစားကြည့်လိုက်တတော့ ဒီကမ်းလှမ်းကိုရရှိခဲ့တဲ့အခါ ကြီးကျယ်အခမ်းနားဆုံး နည်းပြဖြစ်လာမှာဖြစ်ပြီး တော်တော်လေးကို ချီးကျူးဖို့ကောင်းမှာဖြစ်ပါတယ်။ အတွင်းကျကျ တွေးကြည့်လိုက်မယ်ဆိုရင် ကျွန်တော်က အောင်မြင်တဲ့ နည်းပြတစ်ဦး အရမ်းကိုဖြစ်ချင်ခဲ့တာပါ" "ဖာဂူဆန် အနားယူတဲ့အခါမှာ ကျွန်တော့်ကို ကမ်းလှမ်းခဲ့ပြီး ယူနိုက်တက်က နည်းပြ ရာထူးကို ပေးအပ်ခဲ့ပါတယ်။ အဲ့အချိန်တုန်းက ဒီလုပ်ကို ရွေးချယ်လိုက်တာက အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်တော်တွေးခဲ့ပါတယ်။ "ကျွန်တော်က ယူနိုက်တက်အပေါ် တကယ့်ကို ယုံကြည်ခဲ့တာပါ။ သူတို့ဟာ ဘောလုံးအသင်းတစ်ခုအဖြစ် ရပ်တည်နေတာကြောင့် သူတို့အပေါ် ကျွန်တော် ယုံကြည်ခဲ့တာပါ" လို့ မိုယက်စ်က ပြောပါတယ်။

နည်းပြရာထူးကို တာဝန်ယူခဲ့ပြီးနောက် မိုယက်စ်ဟာ အိုးထရက်ဖို့ဒ်မှာ ရုန်းကန်ခဲ့ရပြီး ဧပြီလ ၂၀၁၄ခုနှစ် မှာတော့ ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

"အဲ့ဒီအချိန်တုန်းက ကိန်းဂဏာန်းတွေက ကျွန်တော့် အရမ်းကိုကြီးမားတယ်လို့ ခံစားရပါတယ်။ တကယ်ပါ။ လမ်းကြောင်းမှန်အပေါ် ပြန်ရောက်ဖို့အတွက်က အချိန်နည်းနည်းလောက် ယူရမှာဖြစ်ပါတယ်" "အကောင်းဆုံး မလုပ်နိုင်ခဲ့တာကြောင့် ရှက်ရွံ့မိမှာပါ။ ကျွန်တော့်အမြင်အရတော့ အဲ့ဒီလိုခံစားမိခဲ့ပါတယ်" လို့ မိုယက်စ်က ပြောပါတယ်။

စနေနေ့ အသင်းဟောင်း အဲဗာတန်နှင့် ကစားမယ့် ပွဲမတိုင်ခင် မိုယက်စ်ဟာ ဝက်စ်ဟမ်းနှင့် အတူ အမှတ်ပေးဇယားရဲ့အောက်ခြေနားမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဂူဆန် #မိုယက်စ် #ပရီးမီးယားလိဂ်