ရှေ့သို့
Image

မန်းပစ်ဒီပေးကို အင်တာမီလန် အသင်းထံ အလဲအလှယ်ပြုလုပ်သွားဖို့ နီးစပ်နေပြီဖြစ်တဲ့ ဘာစီလိုနာ

5:06 PM, 16 January

လာလီဂါပြိုင်ပွဲအတွင်း ခြေစွမ်းပိုင်းပြန်လည် တက်လာကာ အမှတ်ပေးဇယားအဆင့် ၁နေရာကို တက်လှမ်းထားနိုင်ခဲ့သလို ဆောဒီအာရေဗျမြေမှာ ကစားခဲ့တဲ့ စပိန်စူပါဖလားဗိုလ်လုပွဲစဉ်တွင်လည်း ရီးရဲလ်မက်ဒရစ်အသင်းကို အသာရကာ ချန်ပီယံအဖြစ် အောင်ပွဲဆင်ထားနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းက လီဝန်ဒေါ့စကီးရောက်ရှိလာမှုနဲ့အတူ ပုံမှန်ပွဲထွက်ကစားခွင့် လျော့နည်းနေတဲ့ နယ်သာလန်တိုက်စစ်ကစားသမား မန်းပစ်ဒီပေးကို အင်တာမီလန်ကစားသမား ကော်ရီယာ နဲ့ အလဲအလှယ်ပြုလုပ်သွားနိုင်ရန် နီးစပ်နေတာပဲ ဖြစ်ပါတယ်။

နာမည်ကျော်သတင်းထောက်တစ်ဦးဖြစ်သူ ဂျာရက်ရိုမဲရိုးရဲ့ အဆိုအရ ဘာစီလိုနာအသင်းနဲ့ အင်တာမီလန်အသင်းတို့အကြားမှာ ဒီပေးကို အင်တာမီလန် အသင်းရဲ့ ကစားသမား ကော်ရီယာနဲ့ လဲလှယ်ရန် သဘောတူညီမှု ရထားပြီး ဖြစ်ပြီး နယ်သာလန်ကစားသမားဘက်မှ မီးစိမ်းပြရန်သာ လိုနေတာလည်း ဖြစ်ပါတယ်။

ဒီပေးအနေဖြင့် အင်တာမီလန်အသင်းကို ပြောင်းရွှေ့ကစားရန်အတွက် ဆန္ဒနည်းပါးနေတာဖြစ်ပြီး ဂျာအိုဖီးလစ် ကို အငှားချထားတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အစားထိုးတိုက်စစ်ကစားသမားအဖြစ် မက်ဒရစ်အခြေစိုက် ကလပ်အသင်းကို ပြောင်းရွှေ့ကစားရန်အတွက်သာ စိတ်အားထက်သန်နေတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့တိုက်စစ်ပိုင်းမှာပွဲထွက်ကစားခွင့်ရရန်အတွက်ဒီပေးအနေဖြင့် ရီရဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်စူပါဖလားပွဲစဉ်၌ ပါဝင်ကစားပေးခွင့်မရခဲ့တဲ့အပြင် နည်းပြ ဇာဗီကိုယ်တိုင် ရောင်းချသွားဖို့ ဆန္ဒရှိနေပြီး အခြားအစားထိုးတိုက်စစ်ကစားသမားအနေဖြင့် အင်တာမီလန်အသင်းရဲ့ ကစားသမား ကော်ရီယာကို ခေါ်ယူရန် စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။

နည်းပြ ဇာဗီဘက်က ဒီပေးနဲ့ အလဲအလှယ်ပြုလုပ်ရန် ဆန္ဒရှိနေတဲ့ ကော်ရီယာအနေဖြင့် ယခုနှစ်ဘောလုံးရာသီအတွင်း အင်တာမီလန်အသင်းနဲ့အတူ ၁၅ပွဲပါဝင်ကစားကာ ပွဲထွက်ခွင့် ၃ကြိမ်သာ ရထားခဲ့ပေမဲ့ သွင်းဂိုး ၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ကြိမ်ပြုလုပ်ထားနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ #ဒီပေး