ရှေ့သို့
Image

ယူရိုသန်း ၁၀၀ တန် မူဒရစ်ခ်က ချဲလ်ဆီး အသင်းကို ယူဆောင်လာနိုင်မယ့် အရာတွေအား သုံးသပ်ပြောဆိုလာတဲ့ ပေါ့တာ

1:03 PM, 16 January

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပုံစံကောင်းရရန် ရုန်းကနေရတဲ့ ချဲလ်ဆီးအသင်းရဲ့နည်းပြ ဂရေဟမ်ပေါ့တာက ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွင် အိမ်ကွင်းမှာ ၁ - ၀ ရလဒ်ဖြင့် အနိုင်ရကာ ရမှတ် ၃မှတ် ရရှိခဲ့ပြီး တိုက်စစ်ပိုင်း အားဖြည့်ရန်အတွက် ယူရိုသန်း ၁၀၀ (ပေါင် ၈၉သန်း) အထိအသုံးပြုကာ ခေါ်ယူထားတဲ့ ယူကရိန်းတိုက်စစ်မှုး မူဒရစ်ခ်အနေဖြင့် ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းကို ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိလာနိုင်ကြောင်းကို သုံးသပ်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်း အနေဖြင့် ပြီးခဲ့တဲ့ ညမှာ အမြဲလိုအသာရလေ့ရှိတဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းကို ၁ဂိုးအသာ ကျဉ်းမြောင်းတဲ့ ရလဒ်ဖြင့် အနိုင်ကစားနိုင်ခဲ့တာကြောင့် ဒီဇင်ဘာ ၂၇ ရက်နေ့ အလွန်မှာ ပထမအကြိမ် ပရီးမီးယားလိဂ်နိုင်ပွဲကို ပြန်လည် ဖော်ဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လန်ဒန်ကလပ်အနေဖြင့် ရှက်တာဒိုးနက်တိုက်စစ်ကစားသမား မူဒရစ်ခ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၉သန်းအထိ ပေးချေဝယ်ယူထားခဲ့ပေမဲ့ ကစားသမားထပ်မံခေါ်ယူနိုင်ရေးအတွက် ဇန်နဝါရီအပြောင်းအရွှေ့မပြီးခင် အလုပ်များနေဆဲဖြစ်ပြီး ပီအက်စ်ဗွီအသင်းရဲ့ ကစားသမား နိုနီမက်ဒူကီ ကို ခေါ်ယူနိုင်ရန်အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ကိုင်ဟာဗက်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အတူ ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပွဲစဉ်အတွင်း မိတ်ဆက်မှု ပြလုပ်ခဲ့တဲ့ တိုက်စစ်ကစားသမား မူဒရစ်ခ်နဲ့ ပတ်သက်လို့ နည်းပြ ပေါ့တာက“သူက အနာဂတ်ကြီးကြီးမားမားရှိနေတဲ့ ခြေတက်ကစားသမားတစ်ဦးပါ။ ပြိုင်ဘက်နောက်တန်းနဲ့ တစ်ယောက်ချင်း တွေ့ဆုံတဲ့အခါမျိုးတွေမှာ သူအကောင်းဆုံး ဖြေရှင်းလိုက်နိုင်ပါတယ်” “နေရာရွှေ့လျားရင်း ပြေးလွှာကာ သွင်းဂိုးတွေ ရရှိရန် ကူညီပေးနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ ပရိသတ်တွေ အနေဖြင့်လည်း သူ့ကစားတဲ့ ပုံစံနဲ့ ပတ်သက်လို့ ကြိုက်နှစ်သက်ကြမယ်ထင်ပါတယ်” “သူရဲ့ ကောင်းမွန်တဲ့ အလားလာကို မြင်နိုင်တာကြောင့် မူဒရစ်ခ်ကို ခေါ်ယူစာချုပ် ချုပ်ဆိုလိုက်နိုင်တဲ့အပေါ် ပျော်ရွှင်ရပါတယ်” လို့ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ဂရေဟမ် ပေါ့တာ #ပရီးမီးယားလိဂ် #မာဒရစ်ခ်