ရှေ့သို့
Image

ရွှေလက်အိတ်ဆုကို ရိုင်းပြစွာလုပ်ဆောင်ခဲ့တဲ့လုပ်ရပ်ကြောင့် ဖီဖာရဲ့ပြစ်ဒဏ်နဲ့ရင်ဆိုင်ရဖွယ်ရှိနေတဲ့ မာတီနက်ဇ်

10:53 AM, 15 January

ကမ္ဘာ့ဖလားဖိုင်နယ်မှာတော့ အာဂျင်တီးနားအသင်းက ပြင်သစ်ကို ပင်နယ်တီမှာ အနိုင်ယူပြီး ကမ္ဘာ့ဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် မက်ဆီ နဲ့ မက်ပီတို့ကလည်း ကမ္ဘာ့ဖလားသမိုင်းမှတ်တိုင်ကိုယ်စီစိုက်ထူနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်ကတော့ ရွှေလက်အိတ်ဆုကို ရိုင်းပြစွာလုပ်ဆောင်ပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။


အက်စ်တွန်ဗီလာဂိုးသမားဟာ အဆိုပါဆုကို ရယူအပြီးမှာ ရိုင်းပြတဲ့အပြုအမူနဲ့ အောင်ပွဲခံခဲ့ပါတယ်။ မာတီနက်ဇ်က အခုလိုလုပ်ခဲ့တာဟာ ပြင်သစ်ပရိသတ်တွေကို တုံ့ပြန်တာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


“ကျွန်တော် အဲ့တာကိုလုပ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပြင်သစ်ပရိသတ်တွေက ကျွန်တော့်ကိုလှောင်လို့ပါ။ ဂုဏ်သိက္ခာက ကျွန်တော်နဲ့အလုပ်မဖြစ်ပါဘူး”လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဖီဖာကတော့ မာတီနက်ဇ်ရဲ့လုပ်ရပ်ဟာ ချမှတ်ထားတဲ့စည်းမျည်းတွေနဲ့ညှိစွန်းနေတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။


စည်းမျည်းချိုးဖောက်မှုတွေက ဖိုင်နယ်ပွဲတစ်လျှောက်ဖြစ်ပွားခဲ့ပြီး အာဂျင်တီးနားက တတိယအကြိမ်မြောက်ကမ္ဘာ့ဖလား နဲ့ မက်ဆီက ပထမဆုံးကမ္ဘာ့ဖလားရရှိခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်ဟာ မက်ပီရဲ့မျက်နှာကို အရုပ်ပြီးလည်း စနောက်ခဲ့သေးတာဖြစ်ပြီး အောင်ပွဲခံမှုကို အာဂျင်တီးနားပရိသတ်တွေအပြင် ကမ္ဘာတစ်လွှားက ပရိသတ်ပေါင်း ၄ သန်းလောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

စည်းမျည်းချိုးဖောက်မှုတွေကို အာဂျင်တီးနားအနေနဲ့ တစ်ဦးတည်း ဒါမှမဟုတ် အဖွဲ့အစည်းလိုက် ဖီဖာရဲ့ပြစ်ဒဏ်နဲ့ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။


#အာဂျင်တီးနား #မာတီနက်ဇ် #၂၀၂၂ကမ္ဘာ့ဖလား