ရှေ့သို့
Image

မန်ချက်စတာဒါဘီမှာ အနိုင်ရခဲ့ပေမယ့် ပရီးမီယားလိဂ်ဖလားကို မမှန်းသေးပါဘူးလို့ ဆိုလာတဲ့ တန်ဟတ်

9:11 AM, 15 January

အဲရစ်တန်ဟတ်က ယူနိုက်တက်အသင်းဟာ မန်ချက်စတာဒါဘီမှာ အနိုင်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်ဆုဖလားကိုတော့ အိပ်မက်မက်နိုင်ခြင်းမရှိသေးဘူးလို့ ပြောလာခဲ့ပါတယ်။

ဂရီးလစ်ချ်ရဲ့ ဦးဆောင်ဂိုကို ဘရူနိုဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ နောက်ကျဂိုးတွေနဲ့ ပြန်လာကာ ယူနိုက်တက်တို့ မန်ချက်စတာဒါဘီမှာ အနိုင်ရခဲ့ပါတယ်။

ဒါပေမယ့် တန်ဟတ်ကတော့ "ပရိသတ်တွေကတော့ ဆုဖလားအတွက် အိပ်မက်မက်နိုင်ပေမယ့် ကျွန်တော်တို့ကတော့ မရပါဘူး။ ကျွန်တော်တို့ ဆက်လက်ကြိုးစားပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းရပါဦးမယ်"

"ကျွန်တော်တို့ တိုးတက်လာတယ်ဆိုတာ အသိသာကြီးပါ။ ဒါပေမယ့် အဝေးကြီး၊ အရှည်ကြီးသွားဖို့ကျန်သေးပြီး ကျွန်တော်တို့ တိုးတက်ဖို့နေရာတွေရှိနေတုန်းပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အရင်ကထက် ပိုတိုးတက်လာပါပြီ"

"ကျွန်တော် ဆုဖလားအတွက် အခုမစဉ်းစားသေးပါဘူး။ ကျွန်တော်က အိပ်မက်မမက်တတ်ပါဘူး။ ကျွန်တော် အသင်းကို ပိုတိုးတက်ဖို့ လုပ်ဦးမှာဖြစ်ပြီး အခု ဖလားအကြောင်း လာပြောနေတာက ဇန်နဝါရီမှာ ဖြစ်နေပါတယ်။ ဒါကြောင့် ဒါက လမ်းတစ်ဝက်ပဲ ရှိသေးပြီး အဲ့ဒီအကြောင်း ကျွန်တော် မဆွေးနွေးပါဘူး။ လိဂ်က ဧပြီလမှစတယ်ဆိုပြီး ဖာဂူဆန်ပြောခဲ့တာ ကျွန်တော် အမှတ်ရမိပါသေးတယ်"လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မန်ချက်စတာဒါဘီ #တန်ဟတ် #ပရီးမီးယားလိဂ်