ရှေ့သို့
Image

ဝေဖန်ခြင်းခံနေရတဲ့ နူနက်ဇ်အပေါ် ကာကွယ်ပြောဆိုပေးခဲ့တဲ့ အာနိုးလ်

6:40 PM, 14 January

နူနက်ဇ်အနေနဲ့ သူ့အပေါ် ဝေဖန်မှုတွေကို အသာလေး ချေဖျက်လို့ရပါတယ်လို့ အာနိုးလ်က ပြောဆိုထားသော်လည်း လီဗာပူးအသင်းသားတွေကတော့ ထိုကဲသို့ ဝေဖန်တာတွေကို ငြိမ်သွားစေဖို့ ဥရုဂွေးနိုင်ငံသားကို လုပ်ဆောင်ဖို့ မျှော်လင့်နေပါတယ်။

လီဗာပူးအသင်းဟာ ပေါင် ၆၄ သန်း အသုံးပြုကာ ၂၀၂၂ နွေရာသီအပြောင်းအရွှေ့တုန်းက နူနက်ဇ်ကို ဘင်ဖီကာကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ တောင်အမေရိကနိုင်ငံသားတိုက်စစ်မှုးဟာ ပြိုင်ပွဲစုံမှာ ၁၀ ဂိုး သွင်းယူထားနိုင်သော်လည်း ပရီးမီးယားလိဂ်တွင်ဂိုးသွင်းခွင့်တွေ လွဲချော်နေတာကတော့ သူ့အပေါ် ဆက်လက်မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

အာနိုးလ်ကတော့ နူနက်ဇ်ကို ယုံကြည်နေတာဖြစ်ပြီး Sky Sports သို့ "သူ့အပေါ် ဝေဖန်မှုတွေကို အသာလေးချေဖျက်နိုင်တဲ့ ကစားသမားမျိုးဖြစ်ပါတယ်။ သူက ဂိုးတွေစပြီးသွင်းနိုင်တော့မှာလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့အားလုံးက သူ့နောက်မှာရှိပြီး ကူညီပေးသွားမှာဖြစ်ပါတယ်။ သူဂိုးတွေ သွင်းတာကိုကြည့်ရတာ တော်တော်လေးကို ကောင်းပါတယ်။ အသင်းအနိုင်ရရှိနေသ၍ အားလုံးက ဒါကို ဂရုစိုက်နေကြမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

အာနိုးလ်ကတော့ နူနက်ဇ်အား ထောက်ခံပြောဆိုထားသော်လည်း အန်ဖီးလ်မှာကစားခဲ့တဲ့ ၆ ရာသီအတွင်း သူ့ရဲ့တိုက်စစ်ကစားဖော်ဟောင်းတွေဖြစ်တဲ့ ဆာလက်၊ ဖာမီနိုတို့နှင့်အတူ အကောင်းဆုံးကစားနိုင်ခဲ့သော ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့သွားတဲ့မာနေးလို ကစားသမားမျိုး လီဗာပူးက လိုနေသေးတာကိုတော့ ဝန်ခံထားပါတယ်။

"ဒါကအမြဲတမ်းခက်ခဲသော်လည်း ဘောလုံးလောကရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ရာသီတိုင်းမှာ အပြောင်းအလဲတွေ ရှိနေတာကြောင့် သေချာတဲ့ ကစားသမားတွေနဲ့ပဲ အမြဲတမ်းကစားနေလို့မရဘူးလို့ ကျွန်တော်ထင်ပါတယ်။ မားနေက ကမ္ဘာ့အဆင့်ရှိကစားသမားဖြစ်ပြီး ဒီမှာလည်း နှစ်အတော်ကြာအောင် ကစားခဲ့သူဖြစ်ပါတယ်။ သူဟာ သူကစားနေတဲ့အသင်းတိုင်းကို ကူညီနိုင်တဲ့သူဖြစ်ပြီး သူလုပ်နေတာမျိုးကို အခြားသူတွေက မလုပ်နိုင်ပါဘူး။ အသင်းအတွက် သူလုပ်ပေးခဲ့တာတွေကိုတော့ ကျွန်တော် လွှမ်းမိပါတယ်။ ကျွန်တော်တို့အသင်းလုပ်ဆောင်ဖို့လိုနေတာတွေကို ကူညီပေးဖို့အတွက် မတူညီသောအရည်အချင်းရှိတဲ့ ကစားသမားတွေကို ကျွန်တော်တို့က ခေါ်ယူထားပြီးပြီလည်းဖြစ်ပါတယ်" လို့ အာနိုးလ်က ပြောပါတယ်။

၂၀၂၂-၂၃ ရာသီတွင် လီဗာပူးအသင်းဟာ ခြေစွမ်းတည်ငြိမ်ဖို့ ရုန်းကန်နေရတာဖြစ်ပြီး လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့အဆင့် ၇ အထိ ကျဆင်းနေကာ ဒဏ်ရာ ရရှိနေတဲ့ အသင်းရဲ့ အဓိက ကစားသမားတွေ ပြန်ကောင်းလာပြီး ပြည်တွင်းနှင့် ဥရောပပွဲစဉ်တွေမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ စနေနေ့မှာတော့ လီဗာပူးဟာ ဘရိုက်တန်နှင့် ကစားရမှာဖြစ်ပါတယ်။

#လီဗာပူး #အာနိုးလ် #နူနက်စ် #ပရီးမီးယားလိဂ်