ရှေ့သို့
Image

X-rated site မှာပုံတွေ တက်လာလို့ အရှက်ကွဲခဲ့ရတဲ့ လိဒ်စ်ပရိသတ် BBC တင်ဆက်သူ အမ်မာဂျုံးစ်

4:12 PM, 13 January

BBC ရဲ့ အားကစားအစီအစဉ် တင်ဆက်သူ အမ်မာဂျုံးစ်တစ်ယောက် X-rated dating site မှာ တခြားလူတစ်ယောက်က သူမဟန်ဆောင်ပြီး ပုံတွေတင်ခဲ့တာကြောင့် အရှက်တကွဲဖြစ်ခဲ့ရပါတယ်။ ဆိုရှယ်မီဒီယာ အသုံးပြုသူတစ်ယောက်က သူမရဲ့ပုံနဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ screenshot တွေကို သူမကို လာပြခဲ့တာ ဖြစ်ပါတယ်။

အားကစားတင်ဆက်သူ အမ်မာဟာ Premier Sports အတွက်လည်း တာဝန်ယူလုပ်ကိုင်နေသူဖြစ်ပြီး အဆိုပါဝက်ဘ်ဆိုက်မှာ တင်ထားတာက သူမကိုယ်တိုင်းပဲဆိုတဲ့ ကောလဟာလတွေကို ချက်ချင်းငြင်းဆန်ခဲ့ပါတယ်။ ပြီးတော့ သူမရဲ့အင်စတာဂရမ်စတိုရီကနေ “ကျွန်မပုံနဲ့ အကောင့်တစ်ခု Uberf***y ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ရောက်နေတယ်တဲ့”ဆိုပြီး ငိုနေတဲ့ အီမိုဂျီလေးတွေနဲ့ တင်ထားခဲ့ပါတယ်။ စတိုရီနောက်တစ်ခုမှာတော့ “ Uberf***y ဆိုတာ ဘာကြီးလဲရှင်၊ ဂူဂဲလ်မှာ မရှာကြည့်ချင်လို့ပါ ” ဆိုပြီး တင်ထားပါတယ်။

Uberf***y ဆိုတာကတော့ single တွေအတွက် အဖော်ရှာပေးတဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အင်စတာဂရမ်ဖော်လိုဝါ ၃၇၆၀၀၀ ကျော်ရှိတဲ့ အမ်မာဂျုံးစ်ဟာ အဆိုပါဝက်ဘ်ဆိုက်မှာ တစ်ခါမှ မရောက်ဖူးတာပါဘူး။ လိဒ်စ်ယူနိုက်တက် အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး ၂၀၁၇ တုန်းက Leeds TV မှာ တင်ဆက်သူအဖြစ် စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီမှာလုပ်ပြီးနောက်ပိုင်း တစ်ဟုန်ထိုးနာမည်ကြီးသွားခဲ့ပါတယ်။

ယော့ခ်ရှိုင်းယားကလပ်ရဲ့ ရုပ်သံလိုင်းမှာ လုပ်ရင်းနဲ့ အမ်မာဟာ BBC Radio 5 live နဲ့ Netball Nation Podcast တို့မှာလည်း တင်ဆက်သူလုပ်ခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက အင်္ဂလန်နဲ့ကော်စတာရီကာပွဲစဉ်မှာ နာမည်ကြီးသွားခဲ့ဖူးပါတယ်။ အဲ့ဒီနောက်ပိုင်း ပိုမိုနာမည်ရလာခဲ့ကာ ပရိသတ်အကြိုက်ဆုံး တင်ဆက်သူတစ်ဦးဖြစ်လာခဲ့ပါတယ်။ အမ်မာရဲ့ နာမည်ကြီး ဗီဒီယိုတစ်ခုကတော့ ဂျက်ဂရီးလစ်ရှ်ကို ဗြိတိန်မြေပုံပြပြီး မေးမြန်းရာမှာ ဂရီးလစ်ရှ်က “အဲ့ဒါအင်္ဂလန်လား”လို့ ပြန်မေးခဲ့တဲ့ ဗီဒီယိုက နာမည်အကြီးဆုံးဖြစ်ပါတယ်။

#လိဒ်စ်ယူနိုက်တက် #gossip #အမ်မာဂျုံးစ်