ရှေ့သို့
Image

လန်ဒန်ရဲ့အအေးဒဏ်ကို ဂရုမစိုက်ပဲ ရှော့ပင်ထွက်နေတဲ့ ဂျာအိုဖီးလစ်ရဲ့ချစ်သူ မာဂါရီဒါ

2:14 PM, 13 January

ချဲလ်ဆီး အသင်းရဲ့ Wag အသစ်လေး မာဂါဒီဂါကော်စီရိုကို အောက်စ်ဖို့ဒ်လမ်းမှာ ရှော့ပင်းထွက်နေတာကို မြင်တွေ့ရတာကြောင့် လန်ဒန်ပတ်ဝန်းကျင်ကို အချိန်တိုအတွင်းမှာ အသားကျသွားပုံရပါတယ်။ မာဂါရီဒါဟာ အက်သလက်တီကိုမက်ဒရစ်ကနေ ချဲလ်ဆီးကို အငှားနဲ့ပြောင်းရွှေ့လာတဲ့ ဂျာအိုဖီးလစ်နဲ့အတူ အင်္ဂလန်ကို လိုက်ပါလာခဲ့တာ ဖြစ်ပါတယ်။

မက်ဒရစ်မြို့ရာသီဥတုဟာ ပုံမှန်အားဖြင့် နေသာပြီး ပူပြင်းလေ့ရှိပေမယ့် လန်ဒန်ကတော့ လုံးဝကို မက်ဒရစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ မာဂါရီဒါက အင်္ဂလန်ရဲ့အေးခဲလှတဲ့ ဆောင်းရာသီကိုမမှုပဲ လျှောက်သွားနေကြောင်းကို သူမရဲ့ ဆိုရှယ်မီဒီယာမှာ ပုံတွေတင်သွားခဲ့ပါတယ်။ သားမွေးအုပ်ထုပ်၊ မာဖလာ၊ ကုတ်အင်္ကျီတွေနဲ့ အောက်စ်ဖို့ဒ်လမ်းမှာ ဈေးဝယ်ထွက်လျက်ရှိပါတယ်။ ကပ်ရှင်ကိုတော့ “အေးခဲနေတဲ့ လန်ဒန်”ဆိုပြီး ရေးထားပါတယ်။

ပရိသတ်တွေက “ ဒီမှာတော့ အမြဲအေးတယ်နော်၊ ကြိုဆိုပါတယ်”ဒုတိယတစ်ယောက်ကလည်း “အင်္ဂလန်ရဲ့ အအေးဓာတ်က အရမ်းဆိုးတာနော် ” တတိယတစ်ယောက်ကလည်း “ရာသီဥတုနဲ့ အသားကျအောင်လုပ်ပါ”ဆိုပြီး ပြောခဲ့ပါတယ်။ အဲ့ဒီနောက် မာဂါရီတာက “ဒီမှာ သိပ်မအေးပါဘူး” ဆိုတဲ့ ကပ်ရှင်နဲ့ အင်စတာဂရမ်စတိုရီ ထပ်တင်ခဲ့ပါသေးတယ်။

မာဂါရီတာဟာ မကြာသေးမီကမှ တော့တင်ဟမ်နဲ့ ချိတ်ဆက်နေတဲ့ ဘင်ဖီကာနောက်ခံလူ ပက်ဒရိုပေါ်ရိုနဲ့ ဖောက်ပြန်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒါတွေက သတင်းအမှားတွေပါဆိုပြီး ချက်ခင်းပယ်ချသွားခဲ့ပါတယ်။

#ချဲလ်ဆီး #ဖီးလစ် #gossip #မာဂါရီဒါ