ရှေ့သို့
Image

အယ်လ်နာဆာက ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ကို ပြိုင်ဆိုင်ဖို့ မက်ဆီကို ခေါ်ယူဖွယ်ရှိနေတဲ့ အယ်လ်ဟီလယ်

11:13 AM, 13 January

ပီးရက်စ်မော်ဂန်နှင့် အင်တာဗျူးပြုလုပ်ခဲ့ပြီးနောက်မှာတော့ ရော်နယ်ဒိုရဲ့ ယူနိုက်တက်သို့ ဒုတိယအကြိမ် ပြန်လာခြင်းက အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

ကောလာဟလတွေ ထွက်ခဲ့ပြီးနောက် ဇန်နဝါရီလမှာ ရော်နယ်ဒိုဟာ အယ်လ်နာဆာနှင့် လက်မှတ်ရေးထိုးခဲ့ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်မှာတော့ ဘော်လွန်းဒီအော်ဆု ၅ ကြိမ်ရ ပေါ်တူဂီစူပါစတားဟာ အသင်းသစ်နှင့် မိတ်ဆက်ပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အယ်လ်နာဆာရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အယ်လ်ဟီလယ်ဟာ ရော်နယ်ဒိုရဲ့ ပြိုင်ဘက်ဖြစ်သူ မက်ဆီကို ခေါ်ယူဖို့စည်းရုံးသွားဖွယ်ရှိနေပါတယ်လို့ စပိန်သတင်းစာဖြစ်တဲ့ Mundo Deprotivo က ဖော်ပြထားပါတယ်။

အယ်လ်ဟီလယ်ဟာ အာဂျင်တီးနား ဂန္တဝင်ကို တစ်နှစ်လုပ်ခ ဒေါ်လာ သန်း ၃၀၀ အောက် မနည်းတဲ့လစာ ဖြင့်ကမ်းလှမ်းသွားဖို့ရှိနေပါတယ်လို့ သိရှိရပါတယ်။ မက်ဆီရဲ့ ဆော်ဒီအာရေးဗျနဲ့ ကောင်မွန်တဲ့ ဆက်ဆံရေးရှိနေခြင်းက အရှေ့အလယ်ပိုင်းသို့ အယ်လ်ဟီလယ်ရဲ့ ခေါ်ယူမှုအတွက် အကူအညီဖြစ်စေနိုင်တာဖြစ်ပါတယ်။

လက်ရှိမှာတော့ မက်ဆီဟာ ဆော်ဒီရဲ့ ခရီးသွားသံတမန်ဖြစ်ပါတယ်။ Visit Saudi ဝက်ဆိုဒ်မှာ "မက်ဆီအနေနဲ့ သင့်ရဲ့အတွင်းပိုင်းစိတ်ခံစားချက်ရှာဖွေမှုကို ဖော်ထုတ်စေလိုနေပါတယ်။ အသစ်ရှာဖွေတာပဲဖြစ်ဖြစ် အဟောင်းရှာတာပဲဖြစ်ဖြစ် ခရီးထွကလိုက်ပါ" လို့ ဖော်ပြထားပါတယ်။

မက်ဆီကိုခေါ်ယူနိုင်ဖို့ အခွင့်အရေးကောင်းအတွက် ဆော်ဒီနိုင်ငံက အယ်လ်ဟီလယ်ကို ဘဏ္ဍာရေးအရေ ကူညီမယ်လို့လည်းထင်ရတာဖြစ်ပါတယ်။ ဘောလုံးလောကရဲ့ ကြီးကျယ်ခမ်းနားတဲ့ စတားနှစ်ဦးရှိခြင်းက ဆော်ဒီဘောလုံးလိဂ်တွေ တိုးတက်ဖို့အတွက် အကူအညီဖြစ်တယ်လို့ ဆော်ဒီနိုင်ငံက ယုံကြည်နေတာဖြစ်ပါတယ်။

မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းနှင့်ပွဲမှာ ရော်နယ်ဒိုက ပထမဆုံးပွဲဦးထွက်ဖွယ်ရှိနေပြီး လီဂူးဝမ်းချန်ပီယံဟာ အယ်လ်နာဆာ၊ အယ်လ်ဟီလယ်တို့နှင့် ခြေစမ်းပွဲကစားဖို့ အရှေ့အလယ်ပိုင်းသို့ လာရောက်မှာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ အပြည့်အဝပထမဆုံးပွဲထွက်မှုက ဇန်နဝါရီ ၂၂ ရက်နေ့ အယ်လ်အက်တီဖက်နှင့်ပွဲမှာ လုပ်နိုင်မှာဖြစ်လို့ နည်းပြဖြစ်သူ ဂါစီယာက ပြောဆိုထားပါတယ်။

#ပီအက်စ်ဂျီ #ရော်နယ်ဒို #မက်ဆီ #အယ်လ်-ဟီလယ်