ရှေ့သို့
Image

ရင်ဆိုင်ခဲ့ဖူးသမျှထဲမှာ ယူနိုက်တက်က အတောင့်တင်းဆုံးဖြစ်ပါတယ်လို့ ဂမ်ဒိုဂန်ရဲ့ ပြောဆိုမှုအပေါ် စိုးရိမ်နေတဲ့ ပရိသတ်များ

11:11 AM, 13 January

ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဆောက်သမ်တန်အား ၂-၀ ဂိုးဖြင့် အံ့ဩဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် မန်စီးတီးဟာ ကာရာဘောင်ဖလားပွဲစဉ်ကနေ ထွက်လိုက်ရပြီဖြစ်ပါတယ်။

မာရာနှင့် ဒီဂျန်နီပိုတို့ရဲ့ ပထမပိုင်းသွင်းဂိုးတွေက ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အောက်ခြေမှာ ရှိနေတဲ့ နေသန်ဂျုံးစ်ရဲ့အသင်းအတွက် အနိုင်ရလဒ်ရရှိစေခဲ့တာဖြစ်ပါတယ်။ အဆိုပါရလဒ်ဟာ စနေနေ့ ယူနိုက်တက်နှင့်ကစားမယ့် မန်ချက်စတာဒါဘီပွဲမတိုင်ခင် မန်စီးတီး ဂွါဒီယိုလာ လိုချင်နေတဲ့ ရလဒ်တစ်ခုတော့ မဟုတ်ပါဘူး။

တန်ဟက်ရဲ့ကစားသမားတွေက ပုံစံကောင်းရရှိနေတာဖြစ်ပြီး အင်္ဂါနေ့က ကစားခဲ့တဲ့ပွဲမှာ ချာလ်တန်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဖူလ်ဟမ်အသင်းနှင့် အတူ ကမ္ဘာ့ဖလားပြီးနောက် ပရီးမီးယားလိဂ်တွင် အမှတ်အများဆုံးရယူထားနိုင်တဲ့အသင်းဖြစ်ပါတယ်။

မန်စီးတီးအသင်းခေါင်းဆောင် ဂမ်ဒိုဂန်က ပွဲအပြီးအင်တာဗျူးမှာ  " ဒီလိုကြီးမားတဲ့ ဒါဘီပွဲမတိုင်ခင် ရှုံးနိမ့်ရတာက ယုံကြည်မှုအတွက် မလွယ်ကူပါဘူး။ ကျွန်တော်တို့အသင်းက အိုးထရက်ဖို့ဒ်သို့ သွားရောက် ကစားရမှာဖြစ်ပြီး အဲ့ဒီမှာ အကောင်းဆုံးလုပ်ထားနိုင်ခဲ့တယ်ဆိုတာကို သိပါတယ်" "ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ယူနိုက်တက်က အရင်ကထက်ပိုပြီး ကစားပုံကောင်းလာပါတယ်။ သူတို့အသင်းက ယုံကြည်မှုအပြည့်ရှိနေတာဖြစ်ပြီး ပုံစံကောင်းပြသပြီး ကစားထားကာ ဒီနေ့ထက် ပိုကောင်းတဲ့ ကစားပုံမျိုးရှိဖို့ အတွက်လိုအပ်ပါတယ်" လို့ ပြောပါတယ်။

ဂျာမနီလက်ရွေးစင်ကစားသမားရဲ့ ပြောဆိုပုံက ရိုးသားတဲ့ပုံပေါက်သော်လည်း ယူနိုက်တက်ပရိသတ်တွေကတော့ မယုံကြည်နေတာဖြစ်ပါတယ်။ ဂမ်ဒိုဂန်ဟာ ယူနိုက်တက်ရဲ့ ကစားအားကိုလျော့ချနိုင်ဖို့ Mind games လုပ်တယ်လို့ ပရိသတ်တွေက ထင်နေကြတာဖြစ်ပါတယ်။

"ကစားပြောနေတဲ့အချိန်မှာ သူက ရယ်မောနေခဲ့ပါတယ်" လို့ ပရိသတ်တစ်ဦးက ပြောပါတယ်။ နောက်တစ်ဦးကလည်း "အင်တာဗျူးတစ်ခုလုံး သူ့ရဲ့ပြုံးနေပုံက စိတ်ပျက်ဖို့ကောင်းပါတယ်"လို့ ပြောထားပါတယ်။ တတိယတစ်ဦးကတော့ "ဒီလိုလှည့်ကွက်မျိုးကို သူ့ရဲ့ကစားသမားတွေကို လုပ်ခိုင်းရာမှာ ပတ်က တော်ပါတယ်"လို့ ပြောပါတယ်။ "သူလုပ်နေတာကို ကျွန်တော်တို့က မမြင်နိုင်ဘူးလို့ သူက ထင်နေတာပါ" လို့ အချို့က မှတ်ချက်ပေးထားပါတယ်။

မန်စီးတီးရဲ့ ရှုံးနိမ့်မှုဟာ ဂွါဒီယိုလာရဲ့ နည်းပြဘဝ ကွာတားဖိုင်နယ်တွင် ပထမဆုံးအကြိမ် ရှုံးနိမ့်ခြင်းဖြစ်ပါတယ်။ ကစားသမားပြောင်းလဲမှု များစွာပြုလုပ်ခဲ့တဲ့ မန်စီးတီးရဲ့ ကစားပုံက စိန့်မေရီမှာ ဆိုးရွားခဲ့ပါတယ်။ ကွင်းထဲသို့ သူထည့်ပေးလိုက်တဲ့ ကစားသမားတွေက ရလဒ်ကောင်းရရှိအောင် လုပ်ဆောင်ဖို့ လုံလောက်တယ်လို့ ဂွါဒီယိုလာက ယုံကြည်နေခဲ့တာပါ။

ပွဲအပြီးမှာ ဂွါဒီယိုလာက "ကျွန်တော့် ကစားသမားတွေက အကောင်းဆုံးကစားခဲ့သော်လည်း ဒီနေ့မှာ ကျွန်တော်တို့အသင်းက အရင်လိုမကစားနိုင်ခဲ့ပါဘူး။ ဆောက်သမ်သန်က ပိုကောင်းခဲ့ပြီး ဆီမီးဖိုင်နယ်သို့ ရောက်ရှိဖို့အတွက် ထိုက်တန်ပါတယ်။ တစ်လက်မလောက်နောက်ကျမှ ရောက်လာပြီး ဒီလိုပွဲမျိုးကို ကစားဖို့ မပြင်ဆင်ခဲ့ဘူးဆိုရင် ဂိုးသွင်းယူနိုင်မှာမဟုတ်ပါဘူး။ ဒါကို ကျွန်တော်တို့က လက်ခံပြီး တိုးတက်အောင်လုပ်ရမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

#မန်စီးတီး #ဆောက်သမ်တန် #ဂမ်ဒိုဂန် #ကာရာဘောင်ဖလား