ရှေ့သို့
Image

ဂျာအိုဖီးလစ်နေရာမှာ အူဘာမီယန်းနဲ့ မားကပ်စ်သူရမ်တို့ကို အစားထိုးဖို့ တီကို စဉ်းစားနေ

1:56 PM, 11 January

သတင်းတွေအရ အက်သလက်တီကိုအသင်းဟာ ဂျာအိုဖီးလစ် နေရာမှာ သူရမ်နဲ့ အူဘာမီယန်းတို့ကို အစားထိုးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ပေါ်တူဂီသားဟာ  ချဲလ်ဆီးအသင်းထံအငှားနဲ့သွားကစားတော့မှာဖြစ်ပြီး အာဆင်နယ် နဲ့ ယူနိုက်တက်တို့ကို ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဖီးလစ်တစ်ယောက် နည်းပြ ဆီမြွန်နီနဲ့ ဆက်ဆံရေးအဆင်မပြေတာကြောင့် အခုလို အသင်းပြောင်းသွားခဲ့ရတာဖြစ်ပါတယ်။

တီကိုမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပေမယ့် ဖီးလစ်ဟာ ဒီရာသီအသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် ၃ ဦးအဖြစ် ပါဝင်နေဆဲဖြစ်ပါတယ်။ ကန်ဟာကလည်း ဝုဗ်ကို အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တာကြောင့် တီကိုက တိုက်စစ်မှူးသစ်ရှာဖွေနေတာဖြစ်ပါတယ်။

တီကိုပစ်မှတ်ထဲမှာ အူဘာမီယန်းပါဝင်နေပြီး နွေရာသီတုန်းက ဘာစီလိုကနေ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်သားဟာ စပိန်မှာ ကစားခဲ့တဲ့အချိန်အတွင်း ၂၄ ပွဲမှာ ၁၃ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ချဲလ်ဆီးမှာတော့ ဒီရာသီ ၃ ဂိုးသာသွင်းယူထားနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့တုန်းကလည်း မန်စီးတီးနဲ့ပွဲမှာ စောစောစီးစီးလူစားလဲခံခဲ့ရပါတယ်။ တီကိုအသင်းပစ်မှတ်ထဲမှာ  မိုချန်ဂလာဘတ်စတား သူရမ်လည်းပါဝင်နေပြီး ပြင်သစ်သားဟာ စာချုပ်သက်တမ်း ၆ လသာကျန်တော့တာကြောင့် ပေါင် ၁၀ သန်းလောက်နဲ့ ခေါ်ယူရနိုင်မှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကလည်း သူရမ်ကို အလိုရှိနေဆဲဖြစ်ပြီး လက်ရှိမှာ ဖီးလစ်၊ ဖိုဖာ၊ ဆန်းတို့စစ် ၊ ဘာဒိုင်းရှီလီတို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။ ဂီတာဖေးစတား အူနယ် ၊ ဘက်တစ်စတား ဘော်ဂျာတို့ကိုလည်း တီကိုက ချိတ်ဆက်နေပြီး ချဲလ်ဆီးကတော့ ဖီးလစ်ကို တရားဝင်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

#အက်သလက်တီကို #အပြောင်းအရွှေ့ #အူဘာမီယန်း #ဖီးလစ် #သူရမ်