ရှေ့သို့
Image

၂၀၃၀ ကမ္ဘာ့ဖလားမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိဖို့ ဆော်ဒီအတွက် ပရိုမိုးရှင်းလုပ်ပေးရုံဖြင့် လစာ ၂ လစ ရရှိသွားမယ့် ရော်နယ်ဒို

9:27 AM, 11 January

ဆော်ဒီအာရေးဗျရဲ့ ၂၀၃၀ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိဖို့ ပရိုမိုးရှင်းလုပ်ပေးခြင်းဖြင့် ရော်နယ်ဒိုဟာ သူ့ရဲ့ တစ်နှစ်လုပ်ခ ပေါင် ၁၇၅ ကို ၂ ဆ ရရှိသွားမှာဖြစ်ပြီး သူ့ရဲ့တစ်ရက်ဝင်ငွေက ပေါင် ၁ သန်း နီးပါးအထိ ရှိလာမှာဖြစ်ပါတယ်။

ယူနိုက်တက်နှင့် လမ်းခွဲခဲ့ပြီးနောက် ဝါရင့်ပေါ်တူဂီတိုက်စစ်မှုးကြီးဟာ ပြီးခဲ့တဲ့လက အယ်လ်နာဆာနှင့် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

အသက် ၃၇နှစ်အရွယ် ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်ကလပ်နှင့် တစ်နှစ်လုပ်ခ ပေါင် ၁၇၅ သန်းတန်ကြေးရှိ စာချုပ်မှာ ၂ နှစ်စာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့အရှေ့အလယ်ပိုင်းမှာ ဝင်ငွေစတင်ရရှိရုံလေးပဲရှိပါသေးတယ်။

AFP သတင်းအေဂျင်စီရဲ့အဆိုအရ ရော်နယ်ဒိုဟာ ဆော်ဒီရဲ့ ၂၀၃၀ ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ရေးမှာ ပရိုမိုးရှင်းလုပ်ပေးရုံဖြင့် နောက်ထပ် ပေါင် ၁၇၅ သန်း ရရှိသွားမှာဖြစ်ပါတယ်။ နောက်ထပ် ပေါင် ၁၇၅ သန်းကို တစ်ကြိမ်တည်းပေးမလားဆိုတာက ရှင်းလင်းမှုမရှိသေးသော်လည်း တစ်နှစ်ကို ပေါင်သန်း ၃၅၀ လောက် အိပ်ကပ်ထဲထည့်နိုင်ခဲ့ပါက တစ်ပတ်ကို ပေါင် ၁ သန်းလောက် ရရှိမှာဖြစ်ပါတယ်။

ဆော်ဒီအာရေးဗျရဲ့ ၂၀၃၀ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ရေးရဲ့ မည်သည့်နေရာတွင်မဆိုပါဝင်ခဲ့ပါက သူ့ရဲ့မိခင်နိုင်ငံနှင့် ရော်နယ်ဒိုက ပြိုင်ဆိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။ ပေါ်တူဂီဟာ စပိန်၊ ယူကရိန်းတို့နှင့်အတူ ၂၀၃၀ ခုနှစ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိရေး ပြင်ဆင်နေတာဖြစ်ပါတယ်။

စပိန်ဟာ အရင်က ကမ္ဘာ့ဖလားကို လက်ခံကျင်းပခဲ့ဖူးပြီး ပေါ်တူဂီ၊ ယူကရိန်းတို့ကတော့ တစ်ကြိမ်မှ ကျင်းပခွင့်မရရှိသေးပါဘူး။ ဆော်ဒီကလည်း အီဂျစ်၊ ဂရိတို့နှင့်အတူ တိုက်ကြီး ၃ တိုက် ပြိုင်ဆိုင်မှုမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အဆိုပါ ကိစ္စကိုတော့ ရော်နယ်ဒိုရဲ့ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။

ဆော်ဒီသို့ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် လာရောက်ခဲ့ကာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ရော်နယ်ဒိုဟာ အယ်လ်နာဆာရဲ့ ကစားသမားအဖြစ် တရားဝင်မိတ်ဆက်ပွဲကို ဇနီးသည် ဂျော်ဂျီနာနှင့်အတူ ကလေးတွေကိုပါ ခေါ်ကာ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ အယ်လ်နာဆာသို့ ရောက်ရှိလာခြင်းဟာ မိုဟာမက်ဘင်ဆယ်မန် အပါအဝင် ဆော်ဒီထိပ်တန်းတော်ဝင်အကြီးအကဲတွေရဲ့ ထောက်ပံ့မှုကြောင့်ဖြစ်ပါတယ်လို့ AFP က ဖော်ပြထားပါတယ်။

မိုဟာမက်ဘင်ဆယ်မန်နှင့် သူ့ရဲ့ညီအစ်ကိုတွေဟာ အယ်လ်နာဆာကို အားပေးတဲ့ပရိသတ်တွေဖြစ်ပြီး သူတို့အားပေးတဲ့ ကလပ်ကို ကမ္ဘာမှာ လူသိများလိုနေတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပွဲပယ်ခြင်းခံထားရတာကြောင့် အသင်းသစ်ရဲ့ ၂-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲကို ပွဲကြည့်စဉ်ကနေသာ ကြည့်ရှုခဲ့တာဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းသို့ရောက်လာကတည်းက ရော်နယ်ဒိုဟာ ဇိမ်ခံအဆောက်အဦးမှာ နေထိုင်နေပြီး Kingdom Suite လို့ အရွယ်အစား သတ်မှတ်ထားတဲ့ နေရာမှာ နေထိုင်နေတာဖြစ်ပါတယ်။ ကိုယ်ပိုင်ဂျက်လေယာဉ်အပါအဝင် Riyadh မှာ ဇိမ်ခံဖို့အကောင်းဆုံး အခန်းတွေပါရှိတဲ့ အဆောက်အဦးကိုပါ ပေးအပ်ခြင်းခံထားရတာဖြစ်ပါတယ်လို့ စပိန်သတင်းစာဖြစ်တဲ့ Marca က ဖော်ပြထားပါတယ်။

ပွဲပယ်ပြစ်ဒဏ်က နောက်တစ်ပွဲကျန်ရှိနေသေးတာကြောင့် အယ်လ်နာဆာအသင်းရဲ့ ဒီတစ်ပတ်ပွဲစဉ်မှာလည်း ဘော်လွန်းဒီအော်ဆု ၅ ကြိမ်ရ ကစားသမားက ပါဝင်နိုင်ဦးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ အက်တီဖက်နှင့်ပွဲမှာတော့ အယ်လ်နာဆာအတွက် ပါဝင်နိုင်ဖို့ မျှော်လင့်လို့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ စာချုပ် ချုပ်ပြီးကတည်းက သူ့ရဲ့ပထမဆုံးပွဲက အသင်းအတွက် ဖြစ်မလာခဲ့ပါဘူး။

ရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်ဟီလယ်နှင့် ကစားမယ့် သရုပ်ပြပွဲမှာ အယ်လ်နာဆာက စတားကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့အသင်းမှာ ပါဝင်ဖို့ရှိနေပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့မှာလည်း မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းနှင့် ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပါသေးတယ်။

အသက် ၃၅နှစ်အရွယ် မက်ဆီဟာ ပြီးခဲ့တဲ့ မေလတုန်းက ပရိုမိုးရှင်းအတွက် ဆော်ဒီနှင့် ပေါင် ၂၅ သန်း တန်ကြေးရှိ တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

#ရော်နယ်ဒို #ဆော်ဒီ