ရှေ့သို့
Image

ချဲလ်ဆီးအား ငြင်းဆိုပြီး အာဆင်နယ်သို့သွားဖို့ ဒီကလန်ရိုက်စ်အား ပြောဆိုလိုက်တဲ့ ပီတစ်

9:24 AM, 11 January

အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ သူ့ရဲ့ကစားဘဝအစမှာ ချဲလ်ဆီးရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရတာဖြစ်သော်လည်း ပြီးခဲ့တဲ့နှစ်တွေမှာ ဝက်စ်ဟမ်းအတွက် ခြေစွမ်းပြသခဲ့ပြီးနောက်မှာတော့ ငယ်ဘဝကလပ်သို့ ပြန်ဖို့ ဆက်သွယ်မှုတွေရှိနေခဲ့တာဖြစ်ပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်မှာ လမ်းပတ်ရှိစဉ်တုန်းက သူ့ကို ခေါ်ယူချင်ခဲ့သော်လည်း အထွေထွေမန်နေဂျာဖြစ်သူ မာရီနာကို မစည်းရုံးနိုင်ခဲ့တာကြောင့် မခေါ်ယူနိုင်ခဲ့ကာ အဲ့ဒီအချိန်တုန်းက ရိုက်စ်ရဲ့ တန်ကြေးကလည်း ပေါင်သန်း ၈၀ လောက်ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း အသက် ၂၃ နှစ်အရွယ် ကစားသမားရဲ့တန်ကြေးက မြင့်တက်လာခဲ့ပြီး သူ့ကို စိတ်ဝင်စားတဲ့ ဘယ်ကလပ်ကမဆို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေးကာ ခေါ်ယူရမှာဖြစ်ပါတယ်။

ချဲလ်ဆီးကလည်း ရိုက်စ်ကို စိတ်ဝင်စားနေတုန်းဖြစ်သလို မန်ချက်စတာအခြေစိုက်ကလပ်တွေကလည်း ကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်နေတာဖြစ်ပါတယ်။ ကစားသမားဘဝတွင် ချဲလ်ဆီးနှင့် အာဆင်နယ် နှစ်သင်းစလုံးတွင် ကစားခဲ့ဖူးတဲ့ ပီတစ်က ရိုက်စ်ဟာ အာတီတာရဲ့ ကွင်းလယ်နဲ့ အသင့်တော်ဆုံးဖြစ်ပါတယ်လို့ ထင်နေပါတယ်။

Compare.Bet သို့ ပီတစ်က "ချဲလ်ဆီးအသင်းက လိုချင်နေတာကိုလည်းသိပါတယ်။ ကျွန်တော်သာ ဒီကလန်ရိုက်စ်ဆိုရင် ချဲလ်ဆီးသို့ပြန်သွားမှာမဟုတ်ဘဲ အာဆင်နယ်သို့ပဲ ပြောင်းမှာပါ။ ကလပ်နှစ်ခုက လမ်းကြောင်းခြင်းမတူပါဘူး။ သူက အာဆင်နယ်နှင့်ပိုပြီးသင့်လျော်ပါတယ်" လို့ ပြောပါတယ်။

လက်ရှိရာသီမှာ အာဆင်နယ်ဟာ ကွင်းလယ်မှာ ဇာခါနှင့် ပါတေးတို့အတွဲကိုသာ အားထားနေရတာဖြစ်ပြီး ကစားသမား ၂ ဦးစလုံးက ၂၉ နှစ်အရွယ် ရှိပြီဖြစ်တာကြောင့် ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့လိုအပ်နေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၈ လ အန်ဒါးလက်ချ်ကနေ ရောက်လာတဲ့ လိုကွန်ဂါကလည်း အကောင်းဆုံးမကစားနိုင်သေးသလို ရာသီကုန်မှာ အယ်လ်နီနီက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖို့ သေချာနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတွေမှာ အီဂျစ်နိုင်ငံသားဟာ အသင်းက အားထားရတဲ့ ကစားသမားဖြစ်ခဲ့ပြီး အောက်စ်ဖို့ဒ်ယူနိုက်တက်အား ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ အဖွင့်ဂိုးကို သွင်းယူကာ သက်သေပြခဲ့တာလည်းဖြစ်ပါတယ်။

"နောက်တစ်ပွဲက ဒါဘီဖြစ်တာကြောင့် အနိုင်ရရှိဖို့အတွက် ဒီနေ့က အရမ်းကိုအရေးကြီးတယ်ဆိုတာကို ကျွန်တော်တို့သိခဲ့ပါတယ်။ အဝေးကွင်းမှာ အနိုင်ရရှိဖို့အတွက် ယုံကြည်မှုရှိရှိနဲ့ သွားရမှာဖြစ်ပါတယ်" "ဒါဘီက ကျွန်တော်တို့အားလုံးအတွက် ထူးခြားတဲ့ပွဲဆိုတာကို အားလုံးသိကြပါတယ်။ အဲ့ဒီပွဲကို ယုံကြည်မှုရှိရှိနဲ့သွားပြီး ၃ မှတ်အပြည့်ရရှိဖို့ လုပ်သွားမှာပါ" "ဒီနေ့ပွဲကလည်း ခက်ခဲတဲ့ပွဲဖြစ်မယ်ဆိုတာ ကျွန်တော်တို့သိထားပါတယ်။ အောက်စ်ဖို့ဒ်အတွက်လည်း ကြီးမားတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။ ဒါကြောင့်ပဲ အဲ့ဒီပွဲမှာ သူတို့အသင်းက အားကုန်သုံးပြီး ကစားခဲ့ကာ ကျွန်တော်တို့အသင်းကလည်း အကောင်းဆုံးထိန်းချုပ်ပြီး နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်အောင် လုပ်နိုင်ခဲ့ပါတယ်"လို့ အယ်လ်နီနီက ပြောပါတယ်။

#ချဲလ်ဆီး #အာဆင်နယ် #ဝက်စ်ဟမ်း #အပြောင်းအရွှေ့ #ကလန် ရိုက်စ် #ပီတစ်