ရှေ့သို့
Image

ယူနိုက်တက် ကစားသမားအဖြစ် ရှေ့ဆက်နိုင်ဖို့ ဆွေးနွေးလျှက်ရှိတဲ့ အကြောင်း ထုတ်ပြောလာတဲ့ ဒါလော့

2:40 PM, 10 January

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ညာနောက်တန်း အစွန်မှာ ဆက်တိုက်ဆိုသလို ခြေစွမ်းကောင်းတွေ ပြသကာ သရဲနီပရိသတ်တွေရဲ့ အကြိုက်တွေ့အားပေးမှုကို ရရှိထားတဲ့ ပေါ်တူဂီလက်ရွေးစင်ကစားသမား ဒါးလော့က ယူနိုက်တက်အသင်းနဲ့အတူ စာချုပ်သက်တမ်း တိုးနိုင်ရန် ဆွေးနွးမှုတွေလုပ်ဆောင်လျှက်ရှိပြီး ပရီမီးယားလိဂ်လို ခက်ခဲမှုတွေပြည့်နေတဲ့ လိဂ်မျိုးမှာ ကစားရတဲ့အပေါ် နှစ်သက်တဲ့ အကြောင်း ထုတ်ဖော် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက ဒါလော့ကို ချုပ်ဆိုထားတဲ့ စာချူပ်ပါအချက်အလက်အတိုင်း ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်တော့မယ့် ဒါးလော့ကို ခရစ္စမတ်မတိုင်မီမှာပဲ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိစေမယ့် ၁နှစ်သက်တမ်းတိုးမြှင့်ချုပ်ဆိုထားခဲ့ပြီးဖြစ်သလို ကာလရှည်စာချုပ်အတွက်ပါ ထပ်မံ ဆွေးနွေးနေတာ ဖြစ်ပါတယ်။

ချုပ်ဆိုနိုင်ရန်အတွက် ဆွေးနွေးနေပြီဖြစ်တဲ့ စာချုပ်နဲ့ ပက်သက်လို့ ဒီယေဂိုဒါလော့က“ကျွန်တော်တို့ ကြားမှာ ပြောဆိုဆွေးနွေးမှု တွေပြုလုပ်နေကြပါတယ်။ ယူနိုက်တက်အသင်းနဲ့ ကျွန်တော့ကြားမှာ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ဖြစ်ပေါ်စေဖို့ ဆွေးနွေးနေကြတာပါ။ ဒီကိစ္စတွေက လျှို့ဝှက်ထားနေဖို့ မလိုဘဲ ကျွန်တော်ကိုယ်တိုင်က ယူနိုက်တက်အသင်းမှာ ပျော်ရွှင်နေတာဖြစ်ပြီး ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ဆက်စောင့်ကြည့်ကြတာပေါ့” “ဒီအသင်းကို ချစ်သလို ဒီအသင်းအတွက် ကစားပေးရတာကိုလည်း ချစ်မြတ်နိုးပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့အသင်းကလည်း စုဖွဲ့မှုကောင်းကောင်းနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပါပြီ။ ဒီအသင်းအောင်မြင်ဖို့ အတွက် တတ်စွမ်းနိုင်သမျှ ကူညီ ကစားပေးသွားမှာပါ” “ခင်ဗျားအနေနဲ့ ခက်ခဲမှုတွေ၊ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို ကြိုက်နှစ်သက်ရင် ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံး လိဂ်ပြိုုင်ပွဲကြီးတစ်ခုလို့ ဆိုရပါမယ်။ ဒါကြောင့် ဒီလိဂ်မှာ ကစားခွင့်ရတဲ့ အပေါ် ကျေနပ်မိပါတယ်”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီယေဂိုဒါလော့ #ပရီးမီးယားလိဂ်