ရှေ့သို့
Image

အသင်းက ပြောင်းလဲဖို့ လိုအပ်နေပါတယ်လို့ ပြောကြားလိုက်တဲ့ ချဲလ်ဆီး ကစားသမားဟောင်း

2:23 PM, 10 January

အက်ဖ်အေဖလား ပွဲစဉ်တွင် မန်စီးတီးအား ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ပေါ်တာနဲ့ ချဲလ်ဆီးကစားသမားတွေကို ဖရန့်လီဘိုယာက ပြောဆိုလိုက်ပါတယ်။

အက်ဖ်အေဖလား တတိယအဆင့်ပွဲမှာ မန်စီးတီးအား ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ကလပ်အနေနဲ့ ပြောင်းလဲရမှာဖြစ်ပါတယ်လို့ ချဲလ်ဆီးနောက်တန်းကစားသမားဟောင်းက ပြောကြားလိုက်တာပါ။ ပြင်သစ်နိုင်ငံသားဟာ နည်းပြ ပေါ်တာနှင့်အတူ လက်ရှိရာသီတွင် ခြေစွမ်းတော်တော်ကျဆင်းနေတဲ့ ကိုင်ဟာဗက်ဇ်၊ မေဆန်မောင့်၊ ဂျော်ဂျင်ဟိုတို့အားလုံးကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ESPN သို့ လီယိုယာက "မစ္စတာပေါ်တာ အခုတော့ လုံလောက်သွားပါပြီ၊ ပြောင်းလဲဖို့က လိုအပ်လာပါပြီ။ လက်ရှိအချိန်အထိ ချန်ပီယံလိဂ်နဲ့ ဝေးကွာနေတာပါ။ ချဲလ်ဆီးအသင်း ခြေစွမ်းကျတာကို အရင်က မမြင်ဖူးပါဘူး။ ကစားသမားတွေကလည်း အသင်းအတွက် စိတ်အားထက်သန်မှု ကစားပေးလိုစိတ်မရှိကြတော့ပါဘူး။ သူတို့မှာ မာနဆိုတာ မရှိတော့ပါဘူး" "သူတို့တွေက ဘာမှမလုပ်ကြပါဘူး၊ ကိုင်ဟာဗက်ဇ်ဆိုရင် ဘာလုပ်နေမှန်းကို မသိပါဘူး။ မေဆန်ကိုတော့ သဘောကျသော်လည်း ကြိုးစားလိုက်စမ်းပါ။ ကွင်းထဲမှာဆိုရင် ဂျော်ဂျင်ဟိုက ဘာလုပ်နေမှန်းကို အခုထိမသိသေးပါဘူး။ ကစားသမားတွေက ဘာကိုမှယုံကြည်ပြီး သက်သေမပြတာကို ကျွန်တော် တွေ့နေရပါတယ်။ သူတို့တွေက အသင်းနဲ့ ပရိသတ်တွေအပေါ် လေးစားမှုမရှိပါဘူး။ ကျွန်တော်ဟာ ခေါင်းဆောင်တွေအကြောင်းကို ပြောနေတာဖြစ်ပြီး သူတို့တွေက လူငယ်ကစားသမားတွေမဟုတ်ကြတော့ပါဘူး" လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းရဲ့ ကစားပုံက ပျောက်ဆုံးနေတာဖြစ်ပါတယ်။ ၁၇ ပွဲ ကစားပြီးနောက် သူတို့အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပြီး ကာရာဘောင်ဖလား၊ အက်ဖ်အေဖလားပွဲစဉ်တို့မှာလည်း ထွက်ခဲ့ရတာဖြစ်ပါတယ်။

ပေါ်တာရဲ့အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ကြာသပတေးနေ့မှာ ဖူလ်ဟမ်နှင့် ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

#မန်စီးတီး #ချဲလ်ဆီး #ပေါ်တာ #အက်ဖ်အေဖလား