ရှေ့သို့
Image

ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ်နဲ့ အတူနေမှုအတွက် ဥပဒေကို ပြင်ဆင်ပေးခဲ့တဲ့ ဆော်ဒီ

11:26 AM, 10 January

ဆော်ဒီအာရေဗျမှာ ထုတ်ပြန်ထားတဲဥပဒေမှာ လက်မထပ်ရသေးတဲ့ အတွဲတွေ အတူနေခွင့်ကို ကန့်သတ်ထားပြီး ရော်နယ်ဒို နဲ့ ရိုဒရီဂွက်ဇ်တို့အတွက် ပြင်ဆင်ပေးလိုက်ပါတယ်။ အသက် ၃၇ နှစ်သားဟာ တစ်နှစ်ကို ပေါင် ၁၇၅ သန်းနဲ့ အယ်လ်နာဆာအသင်းထံ ၂ နှစ်ခွဲစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အင်္ဂါနေ့တုန်းက တရားဝင်ကြေညာခဲ့ပါတယ်။

အာဂျင်တီးနားနွယ်ဖွား စပိန်မော်ဒယ် ရိုဒရီဂွက်ဇ်က ရော်နယ်ဒိုနဲ့လက်မထပ်ရသေးပေမယ့် သူတို့ကလေး ၂ ယောက် အပါအဝင် ကလေး ၅ ယောက်အထိ ရှိနေတာဖြစ်ပါတယ်။ ဆော်ဒီမှာတော့ လက်မထပ်ရသေးတဲ့ အတွဲတွေ အတူနေခွင့်ကို ပိတ်ပင်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေကတော့ ရော်နယ်ဒိုနဲ့ ရိုဒရီဂွက်ဇ်တို့ကို နေခွင့်ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“ဆော်ဒီရဲ့ဥပဒေမှာတော့ လက်မထပ်ရသေးတဲ့အတွဲတွေကို အတူနေခွင့်ပိတ်ပင်ထားပြီး ဥပဒေအရ ပြဿနာ နဲ့ ရာဇဝတ်မှုတွေကို တားဆီးတာဖြစ်ပါတယ်။ အခုတော့ ဆော်ဒီတာဝန်ရှိသူတွေက လျော့ချပေးဖို့ ပြင်ဆင်နေပြီး လုပ်ဆောင်နေဆဲဖြစ်တယ်”လို့ ရှေ့နေတစ်ဦးက ပြောကြားခဲ့ပါတယ်။

နောက်ထပ်ပြဿနာက ရိုဒရီဂွက်ဇ်ရဲ့ဗီဇာဖြစ်ပြီး သူ့အနေနဲ့ ရော်နယ်ဒိုရဲ့ တရားဝင်ဇနီးသည် မဟုတ်တာကြောင့် ဗီဇာရဖို့ ခက်ခဲနေပြီး ဆော်ဒီဥပဒေမှာတော့ နိုင်ငံတွင်းကို ဇနီးသည် ဒါမှမဟုတ် အလုပ်သမား ဒါမှမဟုတ် ကျွမ်းကျင်သူဖြစ်မှ ဝင်ခွင့်ပေးတာဖြစ်ပါတယ်။ ရှေ့နေတွေကတော့ အယ်လ်နာဆာအသင်းကို ရိုဒရီဂွက်ဇ်အား မော်ဒယ်အဖြစ် စပွန်ဆာပေးနိုင်ဖို့ လုပ်ဆောင်နေကာ အဲ့လိုလုပ်နိုင်မယ်ဆိုရင် တစ်နှစ်လည်ပတ်ခွင့်ဗီဇာရရှိမှာဖြစ်ပါတယ်။

#ရော်နယ်ဒို ဂျိမ်းစ်ရိုဒရီဂွက်ဇ် #ဆော်ဒီ