ရှေ့သို့
Image

မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်အပြီး ချဲလ်ဆီး ပရိသတ်တွေအနေဖြင့် စိတ်ရှည်ပေးဖို့ ပြောလိုက်တဲ့ ပေါ့တာ

4:35 PM, 9 January

အက်ဖ်အေဖလား တတိယ အဆင့်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ် အင်အားကြီးအသင်း၂သင်းဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ချဲလ်ဆီးအသင်းတို ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် မန်စီးတီးအသင်းက ချဲလ်ဆီးအသင်းကို ၄ - ၀ ရလဒ်ဖြင့် အနိုင်ကစားကာ စတုတ္ထအဆင့်ကို တက်လှမ်းသွားခဲ့တာကြောင့် ချဲလ်ဆီး ပရိသတ်တွေအနေဖြင့် နည်းပြ ပေါ့တာရဲ့ အနာဂတ်နဲ့ ပတ်သက်၍ဖိအားပေး ဝေဖန်မှုတွေရှိနေပေမဲ့ နည်းပြ ပေါ့တာက စိတ်ရှည်ပေးဖို့ရန်အတွက် ပြန်လည်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

နည်းပြ ပက်ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းက ပထမပိုင်းပွဲကစားချိန်အပြီးမှာပဲ မာရက်ဇ်ရဲ့ အဖွင့်ဂိုး အပါအဝင် အဲဗာရက်ဇ်၊ ဖိုဒန်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃ဂိုးအသာနဲ့ ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးအသင်းဘက်က ထိရောက်တဲ့ တိုက်စစ်ဆင်နိုင်မှုအပိုင်း အားနည်းခဲ့တဲ့အပြင် ဒုတိယပိုင်းပွဲကစားချိန် ၈၅မိနစ်အရောက်၌ ပထမပိုင်း အတွင်းမှာ အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ မာရက်ဇ်က သွင်းဂိုးထပ်မံသွင်းယူပေးသွားခဲ့တာကြောင့် ပွဲပြီးချိန်မှာ မန်စီးတီး အသင်းက ချဲလ်ဆီးအသင်းကို ၄ - ၀ ရလဒ်ဖြင့် အနိုင်ကစားကာ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ့တာအနေဖြင့် မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပါအဝင် နိုဝင်ဘာလကတည်းမှ ကစားခဲ့တဲ့ ပွဲစဉ်တွေအပြီးမှာ နိုင်ပွဲ ၂ပွဲသာ အနိုင်ရရှိခဲ့တဲ့ အကျိုးရလဒ်အနေဖြင့် လိဂ်ပြိုင်ပွဲအတွင်းမှာ အဆင့် ၁၀ နေရာတွင်သာ ရပ်တည်နေခဲ့သလို ပြည်တွင်းဖလားပြိုင်ပွဲ ၂ခုစလုံးကနေ ထွက်ခဲ့လိုက်ရတာကြောင့် နည်းပြ ရာထူးအတွက် ဖိအားအချို့ သက်ရောက်နေစေတာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်အပြီးမှာ နည်းပြ ပေါ့တာက“ဘာတစ်ခုမှ မလုပ်ပြနိုင်ခဲ့ဘူးဆိုရင်တောင် ကျွန်တော်တို့ စွမ်းနိုင်သမျှ အကောင်းဆုံးကြိုးစား ကစားခဲ့ကြပါတယ်။ ပရိတ်သတ်တွေရဲ့ ခံစားချက်တွေဆိုးရွားနေမယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ လုပ်စရာရှိတာကို ဆက်လုပ်သွားရမှာပါပဲ။ ကစားပုံမကောင်းခဲ့ဘူးပဲ ဆိုဆို အကြောင်းပြချက်တွေ ရှာပြီး ဘယ်လိုအဆင်ခြေတွေပဲ ပေးပေး ရလဒ်ကတော့ အတူတူပါပဲ။ ရှင်းရှင်းလင်းလင်းပြောရရင်တော့ ကျွန်တော်တို့က ဘောလုံးလောကရဲ့ သဘောသဘာဝအတိုင်း ဆိုးရွားတဲ့ အခိုက်အတန့်မှာ ရောက်ရှိနေကြရုံပါ။ အရေးကြီးတာက စိတ်ရှည်ပေးကြဖို့တော့ လိုပါတယ်”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မန်စီးတီး #ချဲလ်ဆီး #အက်ဖ်အေဖလား #ပေါ့တာ