ရှေ့သို့
Image

ဂတ်ပိုရဲ့ ပွဲဦးထွက် ခြေစွမ်းအကြောင်း ထုတ်ဖော်ပြောကြားလိုက်တဲ့ ကလော့ပ်

3:00 PM, 9 January

လီဗာပူးနည်းပြ ကလော့ပ်က ဂတ်ပိုအနေနဲ့ ပွဲထွက်ပါဝင်ကစားခဲ့ပြီးနောက် အခုထက်ပိုကောင်းတဲ့ အနေအထားမျိုး လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။ နယ်သာလန်သားဟာ အခုလအစောပိုင်းတုန်းက အန်ဖီးလ်ကို ပေါင် ၃၇ သန်းနဲ့ ပြောင်းလာခဲ့တာဖြစ်ပြီး ပီအက်စ်ဗွီအသင်း အတွက် ၁၃ ဂိုး သွင်း ၊ ၁၇ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဂတ်ပိုဟာ ဒီရာသီမှာရုန်းကန်နေရတဲ့ လီဗာပူးအသင်းတိုက်စစ်အတွက် မတူညီတဲ့ရွေးချယ်မှုမျိုးပေးစွမ်းနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် စနေနေ့ ဝုဗ်အသင်းကို ၂-၂ သရေကျခဲ့တဲ့ပွဲမှာလည်း လီဗာပူးအတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့ပါတယ်။

နယ်သာလန်သားဟာ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ချိန်ဘာလိန်နဲ့လူစားလဲခံခဲ့ရပါတယ်။ “သူပွဲမှာတေ့ အဆင်ပြေပါတယ်။ ပထမဆုံးခြေလှမ်းဖြစ်တဲ့အတွက် မလွယ်ကူူပါဘူး။ သူ့ဆီကနေ ပြီးပြည့်စုံတဲ့အနေအထားမျိုးတော့ မျှော်လင့်လို့မရပါဘူး။ ဒါပေမယ့် သူအကောင်းဆုံးတော့ပြသနိုင်ပါတယ်။ ပိုကောင်းတဲ့အနေအထားမျိုးတော့ လိုအပ်နေပါသေးတယ်”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

ဂတ်ပိုဟာ အသင်းဖော်သစ်ဒီယက်ဇ်တစ်ယောက် အန်ဖီးလ်ကိုရောက်လာပြီးနောက် ချက်ချင်းခြေစွမ်းပြနိုင်ခဲ့သလိုတော့ မပြသနိုင်သေးတာဖြစ်ပါတယ်။ “ကျွန်တော် ဂတ်ပိုနဲ့ ပတ်သက်ပြီး အကောင်းမြင်ပါတယ်။ ဒီယက်ဇ် ခြေစွမ်းပြသလိုတော့ သူပြနိုင်လိမ့်မယ်လို့ ကျွန်တော်မပြောနိုင်ပါဘူး။ ဒါပေမယ့် သူမကြာခင်မှာအထိုင်ကျလာပါလိမ့်မယ်”လို့ ကလော့ပ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#လီဗာပူး #ကလော့ပ် #ဂတ်ပို #ပရီးမီးယားလိဂ်