ရှေ့သို့
Image

ပွဲဦးထွက်မှာ အဆင်မပြေဖြစ်ခဲ့ကြောင်း ဖွင့်ဟလာတဲ့ ကိုဒီဂတ်ပို

10:52 AM, 9 January

သူ့ရဲ့ ပထမဆုံးပွဲထွက်ဖြစ်တဲ့ ဝုဗ်နဲ့ပွဲက သိပ်ပြီး အဆင်မပြေခဲ့ပါဘူးလို့ လီဗာပူးက အသစ် ခေါ်ယူထားတဲ့ ဂတ်ပိုက ပြောဆိုလိုက်ပါတယ်။

ပီအက်စ်ဗွီကနေ ပေါင် ၃၇ သန်းဖြင့် ရောက်ရှိလာပြီးနောက် စနေနေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲမှာ ဂတ်ပိုက ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲမှာ လီဗာပူးက ၂-၂ ဂိုး သရေကျခဲ့ပြီး ပွဲစားချိန် ၈၄ မိနစ်တွင် ချိန်ဘာလိန်နှင့် လူစားမလဲခင်အချိန်အထိ ဂတ်ဂိုဟာ ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့ပါဘူး။

လိုပတ်တီဂူရဲ့အသင်းနှင့် ကစားခဲ့တဲ့ပွဲမှာ သူဟာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်လို့ ပွဲအပြီးနောက် နယ်သာလန်နိုင်ငံသားက ရိုးရိုးသားသားဝန်ခံသွားခဲ့ပါတယ်။ သို့သော်လည်း ဝုဗ်နှင့် ပြန်လည်ကစားရမယ့် အက်ဖ်အေဖလားပွဲအပါအဝင် လာမယ့် ပွဲတွေမှာ လီဗာပူးနဲ့အတူ တိုးတက်လာမှာဖြစ်ပါတယ်လို့ အသက် ၂၃ နှစ်အရွယ် ကစားသမားက ယုံကြည်နေပါတယ်။

"ပရိသတ်တွေရဲ့ အားပေးမှုက တကယ့်ကိုကောင်းပါတယ်။ ပွဲစဉ်အတွင်း ကောင်းတဲ့အခိုက်အတန့်ရှိခဲ့သလို အဆင်မပြေတာလည်းရှိခဲ့ပါတယ်" "ဒီလိုအချက်တွေကနေ ကျွန်တော်က တိုးတက်လာနိုင်ပြီး ဆက်လက်ကြိုးစားကာ အသင်းဖော်တွေအတွက် ကျွန်တော်လုပ်နိုင်သလောက် အကောင်းဆုံး ကူညီပေးသွားမှာဖြစ်ပါတယ်" "ပွဲစဉ်တွေကို ကစားပြီးအများကြီးသင်ယူရမှာဖြစ်ကာ အဲ့ဒီလိုဖြစ်ဖို့အတွက် ကျွန်တော်လည်း စောင့်မျှော်နေပါတယ်" လို့ ဂတ်ပိုက ပြောပါတယ်။

"ကျွန်တော်တို့ရဲ့တွဲလုံးတွေက ကောင်းမွန်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာ ကျွန်တော်တို့က လုံလောက်တဲ့ ဂိုးအရေအတွက်ကို မသွင်းနိုင်ခဲ့ပါဘူး၊ ဒါက တော်တော်လေးဆိုးပါတယ်" "ကျွန်တော်တို့က ဘာလုပ်နိုင်သလဲဆိုတာကို ပြသခဲ့သော်လည်း အချို့နေရာတွေမှာ တိုးတက်ဖို့လိုသေးတာကြောင့် အဲ့ဒီအတွက် ကြိုးစားရဦးမှာဖြစ်ပါတယ်။ အဲ့ဒီအခိုက်အတန့်ကျွန်တော်တို့က အသင်းစိတ်ဓာတ်ကို ပြခဲ့တာကတော့ ကောင်းပါတယ်" "ဝုဗ်ရဲ့ အိမ်ကွင်းမှာ ကစားမယ့်ပွဲမှာတော့ ကျွန်တော်တို့က ကြီးကျယ်တဲ့ ဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိဖို့ သွားရောက်ကစားရမှာဖြစ်ပါတယ်" လို့ တိုက်စစ်မှုးက ထပ်လောင်း ပြောကြားလိုက်ပါတယ်။

သူ့ရဲ့ ကစားသမားအသစ်နဲ့ ပတ်သက်ပြီး ကလော့ပ်က "သူက ပွဲနဲ့ လိုက်လျောညီထွေဖြစ်ခဲ့ပါတယ်။ ပထမဆုံးပွဲမှာ ဒီလိုဖြစ်ဖို့ဆိုတာက မလွယ်ကူပါဘူး။ ပြီးပြည့်စုံဖို့ ကျွန်တော်တို့က မမျှော်လင့်ခဲ့သော်လည်း သူက ကောင်းတဲ့ လက္ခဏာတွေပြခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ သူ့ကို နေရာကောင်းရရှိဖို့ လုပ်ပေးရမှာဖြစ်ပြီး အဲ့ဒီအတွက်တော့ သံသယမရှိပါဘူး" လို့ ပြောပါတယ်။

#လီဗာပူး #ပီအက်စ်ဗွီ #အက်ဖ်အေဖလား #ဂတ်ပို