ရှေ့သို့
Image

အူနာဟီကို ခေါ်ယူဖို့ စတင်ကြိုးပမ်းလာတဲ့ လိဒ်စ်ယူနိုက်တက်

10:07 AM, 9 January

ကမ္ဘာ့ဖလားမှာ မော်ရိုကိုအသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ အူနာဟီကို လိဒ်စ်ယူနိုက်တက်အသင်းက ခေါ်ယူဖို့ စတင်ကြိုးပမ်းလာကြောင်း သိရပါတယ်။ ကွင်းလယ်မှာ လိုအပ်ချက်တွေရှိနေတဲ့ လိဒ်စ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ခပ်မြန်မြန်လှုပ်ရှားနေပြီး ဆဲလ်ဘတ်ခံစစ်မှူး ၀ူဘာကိုလည်း ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။ အူနာဟီကိုတော့ နာပိုလီ၊ ဘာစီလိုနာ၊ အယ်မီရီယာနဲ့ မာဆေးလ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

#လိဒ်စ်ယူနိုက်တက် #အပြောင်းအရွှေ့ #အူနာဟီ