ရှေ့သို့
Image

အန်ဒွန်ဘီလီနဲ့အငြင်းပွားမှုမှာ ပါဝင်ခဲ့တဲ့ နာပိုလီနည်းပြ စပယ်လက်တီ

1:38 PM, 7 January

နာပိုလီအသင်းနည်းပြ စပယ်လက်တီတစ်ယောက် အင်တာကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ အန်ဒွန်ဘီလီနဲ့အငြင်းပွားခဲ့တယ်လို့ သိရပါတယ်။

အန်ဒွန်ဘီလီဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက တော့တင်ဟမ်ကနေ နာပိုလီကို ၁ ရာသီအငှားနဲ့ ပြောင်းလာခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၁၉ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။

တော့တင်ဟမ်ကို ကလပ်စံံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၅၅ သန်းနဲ့ပြောင်းလာခဲ့ပေမယ့် အသက် ၂၆ နှစ်သားဟာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် အီတလီမြေမှာတော့ ပြင်သစ်သားဟာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပြီး စပယ်လက်တီနဲ့စကားအချေအတင်ပြောခဲ့သေးတာဖြစ်ပါတယ်။

နာပိုလီဟာ လက်ရှိမှာဒုတိယနေရာက အေစီမီလန်ကို ၅ မှတ်ဖြတ်ပြီး ဦးဆောင်ထားကာ အင်တာနဲ့ပွဲမှာ အမှတ်လျော့ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ စပယ်လက်တီက အန်ဒွန်ဘီလီထံလမ်းလျှောက်ပြီး “မင်းဘာလို့ အဲ့မှာနေနေတာလဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေက နာပိုလီနဲ့အနာဂတ်အကြောင်းပြောကြားနေပေမယ့် သတင်းတွေအရ အီတလီကလပ်ဟာ အန်ဒွန်ဘီလီကို အပြီးသတ်ခေါ်ယူဖို့ လုပ်ဆောင်နေကြောင်း ဖော်ပြခဲ့ပါတယ်။

မာကာတိုသတင်းဌာနကတော့ နာပိုလီအသင်းဟာ အန်ဒွန်ဘီလီကို ထက်ဝက်ဈေးနဲ့ခေါ်ယူနိုင်ဖို့ တော့တင်ဟမ်နဲ့ဆွေးနွေးဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

တော့တင်ဟမ် နဲ့ အန်ဒွန်ဘီလီတို့ကြားစာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး ပေါင် ၂၂.၅ သန်းလောက်နဲ့ ခေါ်ယူနိုင်ဖို့ များနေပါတယ်။

#နာပိုလီ #စပယ်လက်တီ #အန်ဒွန်ဘီလီ