ရှေ့သို့
Image

အရန်ဂိုးသမားအဖြစ် ဂျက်ခ်ဘတ်လန်ကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ မန်ချက်စတာယူနိုက်တက်

10:02 AM, 5 January

လက်ကျန်ရာသီဝက်အတွက် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ဂိုးသမား ဂျက်ခ်ဘတ်လန်ကို ခေါ်ယူဖို့ ယူနိုက်တက်ဟာ ဆွေးနွေးမှုတွေလုပ်နေပါတယ်လို့ Daily Telegraph က ဖော်ပြထားပါတယ်။

နယူးကာဆယ်ဟာ ယခုလမှာ ယူနိုက်တက်သို့ အငှားချထားတဲ့ ဒူဘာရာကာကို ပြန်လည် ခေါ်ယူလိုက်တာကြောင့် အိုးထရက်ဖို့ဒ်အနေနဲ့ အရန်ဂိုးသမားနေရာအတွက် ခေါ်ယူဖို့ဖြစ်လာခဲ့ရပါတယ်။ တန်ဟက်ဟာ ဒီဂီယာရဲ့ အရန်အနေရာအတွက် တောင့်တင်းမှုရှိချင်နေတာဖြစ်ပြီး ကလပ်အနေနဲ့ ခရစ္စတယ်ပဲလေ့စ်က ဘတ်လန်ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ လက်ရှိရာသီမှာ ပွဲထွက်ထားရခြင်းမရှိနေတာဖြစ်ပြီး စာချုပ်ရဲ့ နောက်ဆုံး ၆ လသို့ ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဆောင်းရာသီဈေးကွက်မှာ ဂိုးသမားနေရာအတွက် ခေါ်ယူရန် ဆွေးနွေးမှုတွေလုပ်နေပြီဖြစ်ပါတယ်။

ဘတ်လန်ဟာ အကြိုစာချုပ်အတွက် ဆွေးနွေးနိုင်မှာဖြစ်သော်လည်း ယူနိုက်တက်အနေနဲ့ သူ့ကို ချက်ချင်း ခေါ်ယူလိုနေတာဖြစ်ပါတယ်။ သူ့ရဲ့ စာချုပ်အခြေအနေကြောင့် ကစားသမားဟာ အနည်းငယ်လောက်သာ ခံစားခွင့်ရှိနေတာဖြစ်ပြီး ဆွေးနွေးမှုတွေက ဆက်လက်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ဘတ်လန်ဟာ ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားသို့ ပစ်ဖို့ဒ်ထက် ပွဲအရေအတွက် ပိုကစားကာ ရောက်ရှိခဲ့တာဖြစ်သော်လည်း နောက်ပိုင်းမှာတော့ ပစ်ဖို့ဒ်က ဆောက်ဂိတ်ရဲ့ နံပါတ်တစ်ဂိုးသမား ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ပရီးမီးယားလိဂ် အတွေ့အကြုံတွေဟာ ယူနိုက်တက်အနေနဲ့ ဂိုးသမားကို အမိအရခေါ်ယူချင်နေတဲ့ အဓိက အကြောင်းပြချက်ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ခရစ္စတယ်ပဲလေ့စ် #ပရီးမီးယားလိဂ် #ဘတ်လန်း