ရှေ့သို့
Image

သင်္ချိုင်းရဲ့ ၉ ထပ်မြောက်မှာ ပီလီရဲ့ဘော်ဒီကို သဂြိုလ်ခဲ့

1:09 PM, 4 January

ဘရာဇီးအသင်းရဲ့ဂန္ထဝင် ပီလီကတော့ လက်ရှိမှာ အေးအေးချမ်းချမ်းနဲ့အနားယူသွားခဲ့ပြီဖြစ်ပါတယ်။ ပီလီဟာ ၂၀၂၁ စက်တင်ဘာလတုန်းက colon ကင်ဆာခံစားခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ဆေးရုံတက်ခဲ့ရတာဖြစ်ပါတယ်။

ပီလီရဲ့မိသားစုကတော့ သူ့ကိုဆေးဝါးစောင့်ရှက်မှုတွေနဲ့ အခုရာသီကို ဖြတ်သန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇင်ဘာ ၂၉ ရက်နေ့မှာတော့ ဘရာဇီးဂန္ထဝင်တစ်ယောက် ကွယ်လွန်ခဲ့ပြီး တစ်ကမ္ဘာ့လုံးအတွက် ဝမ်းနည်းစရာဖြစ်ခဲ့ပါတယ်။

သတင်းတွေအရ ပီလီရဲ့ဘော်ဒီကို ဘရာဇီးနိုင်ငံ ဆန်းတို့စ်မှာရှိတဲ့ ၉ ထိပ်မြောက် သင်္ချိုင်းမှာ သဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအထပ်ကိုရွေးချယ်ခဲ့တာက ပီလီဝတ်ဆင်ခဲ့တဲ့ အကျီကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ပီလီဟာ ကမ္ဘာ့ဖလား ၃ ကြိမ်ရရှိခဲ့ရာမှာ ကျောနံပတ် ၁၀ ဂျာစီကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။

ပီလီတစ်ယောက် အနားယူခဲ့တဲ့နေရာက ကစားသမားအောင်မြင်ခဲ့တဲ့ ဆန်းတို့စ်မြေဖြစ်ပြီး ပရိသတ်တွေကတော့ အဆိုပါနေရာကိုရွေးချယ်တာက ကွင်းထဲကိုအမြဲမြင်နိုင်အောင်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ဘရာဇီးသမ္မတ လူလာကတော့ “ပီလီက တကယ့်စပယ်ရှယ်ပါ။ သူ့ကို ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့မရနိုင်ပါဘူူး။ ဘာလို့လဲဆိုတော့ သူလုပ်ပြခဲ့တဲ့အရာတွေကြောင့်ပါ။ သူက လူငယ်ကစားသမားဘဝကတည်းက အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်”လို့ လူလာက ပြောကြားခဲ့ပါတယ်။

#ပီလီ #ဘရာဇီး