ကော်တင်ဟိုတစ်ယောက် ဗီလာမှာ ပျော်နေတယ်လို့ ဒေါက်ကလပ်လူးဝစ်ဇ် ပြောကြား
12:14 PM, 4 January
ဗီလာအသင်းကွင်းလယ်လူ လူးဝစ်ဇ်က ကော်တင်ဟိုကို ဘရာဇီးကလပ်ကိုရင်သီယန်အသင်းက ချိတ်ဆက်နေပေမယ့် အသင်းမှာ ပျော်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
အသက် ၃၀ အရွယ် ကစားသမားဟာ ကာတာကမ္ဘာ့ဖလားမှာ ဘရာဇီးလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး ဗီလာအသင်းထံပြောင်းလာခဲ့ပေမယ့် ခြေစွမ်းကောင်းတွေပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။
အခြားတဖက်မှာလည်း ကော်တင်ဟိုကို ဘရာဇီးကလပ် ကိုရင်သီယန်အသင်းက ချိတ်ဆက်နေတာဖြစ်ပါတယ်။
ဗီလာအသင်းဖော် လူးဝစ်ဇ်ကတော့ ကော်တင်ဟိုတစ်ယောက် ဗီလာမှာ ပျော်နေပြီး အလျင်စလိုထွက်ခွာမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ “အမှန်တကယ်မှာ ကော်တင်ဟိုတစ်ယောက် ဒီမှာပျော်နေပါတယ်။ ကျွန်တော်တို့ အမြဲတမ်းစကားပြောဖြစ်ပြီး ဗက်စ်ကိုကိုပြန်သွားဖို့ နောက်တတ်ပါတယ်။ ကျွန်တော်တို့ တစ်နေ့နေ့မှာ အဲ့မှာ အတူတူကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ သူဒီမှာပျော်နေပြီး ကျွန်တော်တို့လည်း အသင်းအတွက်ပဲ အာရုံစိုက်ကစားနေပါတယ်။ ကော်တင်ဟိုက အခုဆိုရင် အသက် ၃၀ ဖြစ်နေပါပြီ။ သူ အသက် ၃၅ နှစ်လေကာက်အထိ ကစားနိုင်တဲ့သူပါ။ ဘရာဇီးကို အလျင်အမြန်ပြန်မယ့်သူမျိုးမဟုတ်လောက်ပါဘူး။ သတင်းတွေကတော့ ဒီလိုပဲထွက်တတ်ပါတယ်။ အပြောင်းအရွှေ့ကလည်းဖွင့်လိုက်ပြီဖြစ်တာကြောင့် သတင်းတွေကတော့ ထွက်နေမှာပါ”လို့ လူးဝစ်ဇ်က ပြောကြားခဲ့ပါတယ်။
ကော်တင်ဟိုဟာ ဗီလာအသင်းအတွက် ၃၄ ပွဲအထိ ပါဝင်ကစားထားပြီး ၅ ဂိုး သွင်းယူထားနိုင်ခဲ့ကာ လက်ရှိရာသီမှာတော့ ပရီးမီးယားလိဂ် ၆ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိထားပါတယ်။ ဗီလာ အသင်းဟာ ဗုဒ္ဓဟူးညမှာ ဝုဗ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် လိဂ် ၂ အသင်းဖြစ်တဲ့ စတီဗန်အေ့ဂျ်အသင်းနဲ့ အက်ဖ်အေဖလားပွဲဆက်ကစားရမှာဖြစ်ပါတယ်။