ရှေ့သို့
Image

လိုက်ပ်ဇစ်စတား အိုလ်မိုကို ခေါ်ယူဖို့ ကမ်းလှမ်းလိုက်ကြောင်း သတင်းထွက်လာတဲ့ ယူနိုက်တက်

1:49 PM, 3 January

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ရလဒ်ပိုင်းအနည်းငယ်တည်ငြိမ်စပြုလာတဲ့ မန်ချက်စတာယူနိုက်တက် အသင်းက တိုက်စစ်ပိုင်းမှာ သွင်းဂိုး ရရှိရန် ရုန်းကန်နေရမှုကြောင့် ဇန်နဝါရီဈေးကွက်အတွင်း ရော်နယ်ဒိုနေရာတွင် တိုက်စစ်ကစားသမား အစားထိုးခေါ်ယူနိုင်ရန် ဥရောပထိပ်တန်း တိုက်စစ်ကစားသမားအချို့ကို ချိတ်ဆက်နေကာ ကမ္ဘာ့ဖလားပြိုင်ပွဲကာလ၌ စပိန်အသင်းနဲ့အတူ ခြေစွမ်းကောင်းအချို့ ပြသခဲ့တဲ့ လိုက်ပ်ဇစ် တိုက်စစ်ကစားသမားအိုလ်မိုကို ခေါ်ယူနိုင်ရန် ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်လိုက်ကြောင်း စပိန်သတင်းဌာနအချို့က ဖော်ပြနေကြတာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်း အနေဖြင့် လိုက်ပ်ဇစ်အသင်းရဲ့ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမားအတွက် ဂျာမန်အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင် ခေါ်ယူသွားရနိုင်ခြေရှိပြီး လိုက်ပ်ဇစ်အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးပမာဏတစ်ရပ်ကို ပေးချေသွားရဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းကလည်း အိုလ်မိုကို ခေါ်ယူလိုနေပြီး နည်းပြ ဇာဗီရဲ့ ရွေးချယ်မှုအပေါ်မှာ မူတည်နေတာလည်း ဖြစ်ပါတယ်။

လိုက်ပ်ဇစ်အသင်းက အိုလ်မိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၈ သန်းအထိ တောင်းဆိုလိုနေပြီး ယူနိုက်တက်အသင်း အနေဖြင့် ပြောင်းရွှေ့ကြေးပမာဏ မည်မျှဖြင့်ကမ်လှမ်းခဲ့တာလည်းဆိုတာကို စပိန်သတင်းဌာနဖြစ်တဲ့ နေစီယွန်နယ်က ထည့်သွင်းဖော်ပြထားခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းက ပြီးခဲ့တဲ့ ရာသီမှာ သွင်းဂိုး အများဆုံး သွင်းယူပေးခဲ့တဲ့ ဝါရင့်တိုက်စစ်မှုးရော်နယ်ဒိုကို အတွင်းရေးအချက်အလက်ပေါက်ကြားစေမှုကြောင့် အသင်းကနေ ထုတ်ပယ်လိုက်အပြီးမှာ အခြားအစားထိုးတိုက်စစ်ကစားသမား ခေါ်ယူရန်အတွက် ဆက်တိုက်ဆိုသလို ချိတ်ဆက်မှုတွေ ပြလုပ်နေတာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #လိုက်ပ်ဇစ် #အပြောင်းအရွှေ့ #အိုလ်မို