ရှေ့သို့
Image

နော်တင်ဟမ်ဖောရက်စ်ကို သရေသာ ကစားနိုင်ခဲ့တဲ့ပွဲအတွင်း ချဲလ်ဆီး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်လိုက်တဲ့ ပေါ့တာ

3:33 PM, 2 January

ပရီးမီးယားလိဂ်ပွဲစဉ် (၁၈)အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ ကစားခဲ့တဲ့ပွဲစဉ်တွင် ချဲလ်ဆီးအသင်းအနေဖြင့် ပထမပိုင်း ပွဲကစားချိန်အတွင်း စတာလင်ရဲ့  သွင်းဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲအပြီးမှာ သရေ ရလဒ်သာ ပိုင်ဆိုင်ခဲ့ရတဲ့အပေါ် နည်းပြ ပေါ့တာအနေဖြင့် ချဲလ်ဆီး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပက်သက်လို့ ဝေဖန်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ၁ဂိုး - ၁ဂိုး သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ်အတွင်း ပထမပိုင်း ပွဲကစားချိန် ၁၆မိနစ်အရောက်မှာ တိုက်စစ်ကစားသမား စတာလင်က အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်း ပွဲကစားချိန် ၆၅မိနစ်မှာ နော်တင်ဟမ်ဖောရက်စ် နောက်တန်းကစားသမား ဆာ့ချ်အူရီယာက ချေပဂိုးပြန်လည် သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ နည်းပြပေါ့တာရဲ့ ချဲလ်ဆီးအသင်း သရေတစ်မှတ်သာ ပိုင်ဆိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

နောတင်ဟမ်ဖောရက်စ်အသင်းနဲ့ ပွဲမှာ ရမှတ် တစ်မှတ်သာရရှိခဲ့တဲ့ ချဲလ်ဆီးအသင်း အနေဖြင့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မတိုင်မီ ၃ရက်အလို လာမယ့် ကြာသပတေးနေ့ညမှာ အမှတ်ပေးဇယားအဆင့် ၂နေရာမှ လက်ရှိချန်ပီယံ မန်စီးတီး အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပက်သက်လို့ နည်းပြ ပေါ့တာက“ကစားပုံက လုံလောက်အောင်ကောင်းမွန်ခြင်း မရှိခဲ့ပါဘူး။ ပထမပိုင်းမှာ ပွဲစဉ်ကို ထိန်းချူပ်ကစားနိုင်ခဲ့တယ်ဆိုပေမဲ့ ပွဲစဉ်တစ်ခုလုံးခြုံပြောရရင် ကစားပုံက လုံလောက်ခဲ့ခြင်း မရှိခဲ့တာပါ။ ဒုတိယပိုင်းမှာ ဖောရက်စ်အသင်းက ကစားပုံပိုကောင်းခဲ့ပါတယ်” “ပွဲပြီးခါနီးမှာ အူဘာမီယန်းဂိုးသွင်းဖို့ အခွင့်အရေးကောင်းတစ်ရပ် ရခဲ့သေးပေမဲ့ ဂိုးမရခဲ့ပါဘူး။ ဒီအပေါ်တော့ အပြစ်မြင်နေလို့မရဘဲ ကျွန်တော်အသင်းက ဒီနေ့ပွဲမှာ အနိုင်ရလဒ်နဲ့ကို မထိုက်တန်ခဲ့တာပါ။ သရေတစ်မှတ်ကသာ မျှတပြီး ကျွန်တော်တို့ အနေဖြင့် နိုင်ပွဲနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုးပြသဖို့ တာဝန်ရှိပါတယ်”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #နောတင်ဟမ်ဖောရက်စ် #ပေါ့တာ #ပရီးမီးယားလိဂ်