ရှေ့သို့
Image

အဲဗာတန်ကို သရေကျခဲ့ပေမယ့် စီးတီး အနေနဲ့ ပြန်လာနိုင်လိမ့်မယ်လို့ အကန်ဂျီ ယုံကြည်နေ

10:24 AM, 2 January

စီးတီးနောက်ခံလူ အကန်ဂျီက စနေနေ့က အဲဗာတန်ကိုသရေကျခဲ့ပေမယ့် မကြာခင်မှာ မိမိတို့အနေနဲ့ ပြန်လာနိုင်လိမ့်မယ်လို့ ထောက်ခံလိုက်ပါတယ်။ စီးတီးဟာ အဲဗာတန်ကို သရေကျခဲ့တာကြောင့် ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ ၇ မှတ်အထိ ကွာဟခဲ့ပြီဖြစ်ပါတယ်။

သရေကျခဲ့ပေမယ့် အကန်ဂျီက စိတ်ပျက်ခြင်းတော့မရှိပဲ ပြန်လာနိုင်လိမ့်မယ်လို့ ထောက်ခံခဲ့ပါတယ်။ “ကျွန်တော်တို့ အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ အခွင့်အရေးကောင်းတွေလည်း ရခဲ့ပေမယ့် ဂိုးမဝင်ခဲ့ပါဘူး။ နောက်ဆုံး စက္ကန့်မတိုင်ခင်အထိ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အဲ့တာက ပွဲအများကြီးထဲကတစ်ပွဲပါ။ ကျွန်တော်တို့ ပြိုင်ဘက်ကို အခွင့်အရေးတစ်ကြိမ်ပေးခဲ့မိပါတယ်။ အဲ့တာက သူတို့ရဲ့တစ်ကြိမ်တည်းသော ဂိုးပေါက်တည့်ကန်ချက်ပါ။ သူတို့ဂိုးသွင်းနိုင်ခဲ့ပြီး သရေတစ်မှတ်ရခဲ့ပါတယ်။ ကျွန်တော်တို့ အာဆင်နယ်ကို ဖိအားပေးနိုင်ဖို့ ဆက်ကြိုးစားသွားမှာပါ။ ရာသီအရှည်ကြီးဆက်သွားရမှာပါ။ ကျွန်တော်တို့ပွဲအများကြီးကစားဖို့ ကျန်နေပါသေးတယ်။ ဇန်နဝါရီမှာလည်း အလုပ်များဖွယ်ရှိနေပြီး လာမယ့်ပွဲတွေမှာ အနိုင်ရရှိအောင် ကြိုးစားသွားမှာပါ”လို့ အကန်ဂျီက ပြောကြားခဲ့ပါတယ်။

စီးတီးအသင်းဟာ ချဲလ်ဆီးအသင်းနဲ့ ၂ ပွဲဆက်တိုက်ကစားရမှာဖြစ်ပြီး ကြာသပတေးနေ့မှာ ပရီးမီးယားလိဂ်နဲ့ တနင်္ဂနွေနေ့မှာ အက်ဖ်အေဖလား ပွဲကစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် မန်ချက်စတာဒါဘီ ၊ တော့တင်ဟမ် ၊ ဆောက်သမ်တန်၊ ဝုဗ်တို့နဲ့လည်း ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။ စီးတီးအတွက် ဦးဆောင်ဂိုးကို ဟာလန်းက သွင်းယူပေးခဲ့ပြီး အဲဗာတန်အတွက် ချေပဂိုးကို ဒီမာရိုင်းဂရေးက သွင်းယူခဲ့တာဖြစ်ပါတယ်။

#မန်စီးတီး #အဲဗာတန် #အကန်ဂျီ #ပရီးမီးယားလိဂ်