ရှေ့သို့
Image

အောင်မြင်မှုတွေဆောင်ကျဉ်းပေးခဲ့တဲ့ ၂၀၂၂ခုနှစ်ကို နှုတ်ဆက်စကားစဆိုလိုက်တဲ့ မက်ဆီ

7:08 PM, 1 January

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းနဲ့ ပြင်သစ်အသင်းတို့ကစားခဲ့ကြတဲ့ ပွဲစဉ်အတွင်း အာဂျင်တီးနားအသင်းအတွက် အရေးပါတဲ့ သွင်းဂိုး ၂ဂိုးသွင်းယူပေးနိုင်ခဲ့သလို ပြိုင်ပွဲတစ်လျောက်အကောင်းဆုံး ခြေစွမ်းပြသကာ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့အပြင် ကြီးမားတဲ့ အိပ်မက်တစ်ခုဖြစ်တဲ့ ကမ္ဘာ့ဖလားချန်ပီယံအဖြစ်ပါ အောင်ပွဲရယူနိုင်ခဲ့တဲ့ မက်ဆီ က ၂၀၂၂ ခုနှစ်ဟာ မေ့မရနိုင်တဲ့ နှစ်၁နှစ်အဖြစ်ရှိနေမယ့်အကြောင်းကို အင်စတာဂရမ်စာမျက်နာအထက်မှာ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

ပူပူနွေးနွေးကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ က

“ကျွန်တော်အမြဲလို တကောက်ကောက်လိုက်ခဲ့ရတဲ့ အိပ်မက်က အမှန်တကယ်ဖြစ်ခဲ့ရပါပြီ”

“ကျွန်တော်တစ်သက်သာ မေ့မရနိုင်အောင် အောင်မြင်မှုရရှိစေခဲ့တဲ့ နှစ်တစ်နှစ်ကတော့ ကုန်သွားခဲ့ပါပြီ။ ဒီအောင်မြင်မှုက ကျွန်တော်တစ်ယောက်ထဲ အတွက်မဟုတ်ဘဲ ကစားသမားဘဝနိမ့်ပါးချိန်တွေမှာတောင် အတူတကွရှိနေပေးခဲ့ကြတဲ့ ကျွန်တော့မိသားစု၊ သူငယ်ချင်းနဲ့ အားပေးခဲ့ကြတဲ့ ပရိတ်သတ်တွေအားလုံးနဲ့ ထိုက်တန်မှုရှိပါတယ်”

“အမြဲနောက်ကနေ အားပေးမှုပြုလုပ်ခဲ့ကြတဲ့ ပရိတ်သတ်တွေအတွက် မေ့မရနိုင်တဲ့ အမှတ်တရတစ်ခုကို ယူဆောင်ပေးလိုက်နိုင်လို့ ပျော်ပါတယ်။ ၂၀၂၂ခုနှစ် က ပျော်စရာကောင်းခဲ့သလို ၂၀၂၃ခုနှစ်မှာလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စွာနေထိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းပို့သလိုက်ပါတယ်” လို့

ရေးသား ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ 

#အာဂျင်တီးနား #မက်ဆီ #၂၀၂၂ကမ္ဘာ့ဖလား