ရှေ့သို့
Image

မက်မောဖွယ်ငွေကြေးဖြင့် ကမ်းလှမ်းခဲ့သော်လည်း ဘိုင်ယန်ထက် ဒေါ့မွန်ကိုသာ ရွေးချယ်ခဲ့တဲ့ ဘယ်လင်ဂမ်

10:39 AM, 31 December

၂၀၂၀ခုနှစ်တုန်းက ဘိုင်ယန်ဟာ‌ နောက်ဆုံးမိနစ်တွင် ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူးလို့ ဘာမင်ဂမ် စီအီးအိုဟောင်းရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

၂၀၂၀ခုနှစ်တွင် ဂျာမန်ကလပ်အတွက် လက်မှတ်မရေးထိုးမီ ဒေါ့မွန်သို့ မရောက်ရှိအောင် ဘိုင်ယန်မြူးနစ်ရဲ့ ကြိုးစားခဲ့ပုံကို ဘာမင်ဂမ်စီးအီးအိုဟောင်းက ထုတ်ဖော်လိုက်ပါတယ်။ ကွင်းလယ်ကစားသမားဟာ ဒေါ့မွန်သို့ ယူရို ၂၅ သန်းဖြင့် ရောက်သွားခဲ့တာဖြစ်ပြီး ဥရောပရဲ့ စိတ်လှုပ်ရှားဖွယ်ရာအကောင်းဆုံး လူငယ်ကစားသမားဖြစ်လာခဲ့ပါတယ်။

"ဒေါ့မွန်နဲ့ လက်မှတ်ထိုးမယ့် နေ့တုန်းက သူ့ရဲဖခင်ထံကနေ အဆိုပါလက်မှတ်ထိုးမှုကို ရွေ့ဆိုင်းပေးဖို့ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့ပါတယ်။ နောက်ဆုံးမိနစ်မှာ ဘိုင်ယန်က သူ့တို့ရဲ့ကမ်းလှမ်းမှုကို မြှင့်ခဲ့တာဖြစ်ပါတယ်။ သူတို့တွေက ငွေအမြောက်အများဖြင့် ကမ်းလှမ်းခဲ့တာပါ။ ဆုဖလားတွေ အများကြီးရရှိနိုင်သလို ငွေကြေးလည်း များများရရှိနိုင်သော်လည်း ကစားသမားကတော့ ဘိုင်ယန်မဟုတ်ဘဲ ဒေါ့မွန်ကိုသာ ရွေးချယ်ခဲ့တာပါ" လို့ စီအီးအိုဟောင်းရန်က Mundo Deportivo သို့ ပြောပါတယ်။

၂၀၂၂ခုနှစ်တွင် ကလပ်နှင့် နိုင်ငံအတွက် ခြေစွမ်းပြသခဲ့ပြီးနောက် ဘယ်လင်ဂမ်ကို အလိုရှိနေတဲ့ ကလပ်တွေက ပိုပြီးများလာခဲ့ပါတယ်။ လီဗာပူးနည်းပြကလော့ပ်က သူဟာ အင်္ဂလန်လက်ရွေးစင် ကစားသမားကို သဘောကျကြောင်း အတိအလင်းပြောကြားထားသလို ရီးရဲလ်မက်ဒရစ်ကလည်း နွေရာသီကစားသမားခေါ်ယူမှုတွင် ဘယ်လင်ဂမ်ကို ဦးစားပေးစာရင်းမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြီးနောက် ဆောင်းရာသီအားလပ်ရက် ရရှိထားတာကြောင့် ကွင်းလယ်ကစားသမားဟာ ဇန်နဝါရီလ ၂၂ ရက်နေ့ အော့စ်ဘတ်နှင့် ကစားမယ့်ပွဲမတိုင်ခင်အထိ ဒေါ့မွန်နှင့် ပူးပေါင်းသေးမှာမဟုတ်ပါဘူး။

#ဒေါ့မွန် #အပြောင်းအရွှေ့ #ဘိုင်ယန်မြူးနစ် #ဘယ်လင်ဂမ်