ရှေ့သို့
Image

ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးကြောင်း ဖွင့်ဟလာတဲ့ လမ်းပတ်

9:33 AM, 31 December

ပရီးမီးယားလိဂ်ပြိုင်ပွဲ အတွင်း ပွဲစဉ် (၁၈) အပြီးမှာ သွင်းဂိုး ၂၀ သွင်းယူပြီး ပရီးမီယားလိဂ်ပရိသတ်တွေရဲ့ တအံတဩချီးကျူးဂုဏ်ပြုမှုတွေကို ပိုင်ဆိုင်ထားတဲ့ မန်စီးတီးအသင်းရဲ့ နော်ဝေတိုက်စစ်မှုး ဟာလန်းအနေဖြင့် ခြေစွမ်းကောင်းတွေပြဆက်တိုက်ပြသနေချိန် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်သီးအသင်းတွေဖြစ်တဲ့ ချဲလ်ဆီးအသင်းနဲ့ အဲဗာတန် အသင်းတို့ကို နည်းပြအဖြစ် ထမ်းဆောင်ဖူးတဲ့ နည်းပြ လမ်းပတ်က ချဲလ်ဆီးအသင်းမှာကိုင်တွယ်စဉ် ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးကြောင်း ထုတ်ပြောလာတာပဲ ဖြစ်ပါတယ်။

လမ်းပတ်ရဲ့ ပြောကြားမှုက ချဲလ်ဆီးပရိတ်သတ်တွေအတွက် မချိတင်ကဲ ဖြစ်စေခဲ့ပြီး လမ်းပတ်ရဲ့ အခြားခေါ်ယူမှုတစ်ခုဖြစ်တဲ့ ကိုင်ဟာဗက်ဇ်က ချဲလ်ဆီးအသင်းနဲ့ ဘုန်းမောက်အသင်းတို့ ကစားခဲ့ကြတဲ့ ပြီးခဲ့တဲ့အပတ် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ချဲလ်ဆီးအသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့သလို ချဲလ်ဆီးအသင်း အတွက် ဆက်တိုက်ဆိုသလို အကျိုးပြုနေတဲ့ ကစားသမားတစ်ဦးအဖြစ် ပွဲထွက်ခွင့်ရနေတာလည်း ဖြစ်ပါတယ်။

ဟာလန်းကို ခေါ်ယူရန် နီးစပ်ခဲ့ပုံနဲ့ ပတ်သက်ပြီး လမ်းပတ်က“သူက တကယ်ကို သဘာလွန်စွမ်းအားတွေနဲ့ ထိပ်တန်း ကစားသမားတစ်ဦးဖြစ်လို့ ထိပ်တန်းလိဂ်ပြိုင်ပွဲရောက်တဲ့အခါမှာလည်း သူ့ပုံစံအတိုင်း အကောင်းဆုံး ကစားပြနေဆဲပါ” “ကျွန်တော်ချဲလ်ဆီးအသင်းရဲ့ နည်းပြအဖြစ် ဆဲလ်ဘတ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲ ကစားအပြီးမှာကတည်းက ဟာလန်းကို စာချုပ် ချုပ်ဆိုဖို့ ကြိုးစားခဲ့ပေမဲ့ အရာမရောက်ခဲ့ပါဘူး” “ရာသီကြိုခြေစမ်းပွဲစဉ်မှာကတည်းက သူရဲ့ စွမ်းဆောင်ရည်တွေအပေါ် နှစ်သက်နေမိပါတယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်မှာ မက်ဆီနဲ့ မက်ပီတို့ ယှဉ်ပြိုင်ကစားသွားခဲ့တာကို ကြည့်အပြီးမှာ ဟာလန်းကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလိုပြိုင်ပွဲကြီးမှာ ဝင်ရောက်ကစားခွင့် ရစေချင်ပါတယ်”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မန်စီးတီး #လမ်းပတ် #ဟာလန်း #ပရီးမီးယားလိဂ်