ရှေ့သို့
Image

ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္ဓဝင်ကြီးပီလီကွယ်လွန်မှုအတွက် အတည်ပြုဝမ်းနည်းစကား ဆိုလိုက်တဲ့ သမီးဖြစ်သူ ကီလီနက်စီမန်တို

1:57 PM, 30 December

ကမ္ဘာ့ဘောလုံး လောကရဲ့သမိုင်းတစ်လျှောက်အကြီးကျယ်အခမ်းနားဆုံး ကစားသမားတွေထဲမှ တစ်ဦးဖြစ်တဲ့ ဘရာဇီးဂန္ဓဝင် ပီလီအနေဖြင့် အူလမ်းကြောင်း ကင်ဆာရောဂါကြောင့် ကြာသပတေးညမှာ ကွန်လွယ်ခဲ့တာကြောင့် ဘရာဇီး တစ်နိုင်လုံးအပါအဝင် ကမ္ဘာ့ဘောလုံးချစ်ပရိသတ်တွေအတွက်ပါ အကြီးအကျယ် ဝမ်းနည်းဖွယ်ရာဖြစ်နေရသလို ပီလီရဲ့သမီးဖြစ်သူ ကီလီနက်စီမန်တိုကိုယ်တိုင် ပီလီရဲ့ ကွယ်လွန်မှုကို အတည်ပြု ထုတ်ပြန်ခဲ့ကာ ဝမ်းနည်းစကား ဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဆု ၃ကြိမ်အထိ ရယူနိုင်ခဲ့တဲ့ပီလီ အနေဖြင့် ဆာပေါ်လိုမြို့မှာ ရှိတဲ့ အဲလ်ဘက်အိုင်းစတိုင်း ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေခဲ့တာဖြစ်ပြီး ကြာသပတေးညမှာ ကွယ်လွန်ခဲ့ချိန်တွင် ပီလီရဲ့ မိသားစုကလည်း ပီလီနဲ့ အတူ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးဂန္ဓဝင် ပီလီရဲ့ နာရေးကိစ္စနဲ့ ပတ်သက်လို့ ဝမ်းနည်းနေရကြောင်းကို သမီးဖြစ်သူ နက်စီမန်တိုက အင်စတာဂရမ်လူမှုကွန်ယက်စ် စာမျက်နှာအထက်မှာ ရေးသားကာ အသိပေးစကားဆိုခဲ့တာ ဖြစ်ပါတယ်။

ဖခင် ဖြစ်သူ ပီလီရဲ့ ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး နက်စီမန်တိုက“အားလုံးက ကျေးဇူးတင်နေလျှက်ရှိပါတယ်။ ပြေမပြနိုင်လောက်အောင်လည်းချစ်ပါတယ်။ ကောင်းကင်ဘုံမှာ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ”လို့ အင်စတာဂရမ်မှာ ရေးသားက ဝမ်းနည်းစကားပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ပီလီ #ဘရာဇီး #မက်စီမန်