ရှေ့သို့
Image

ပီလီ ကွယ်လွန်မှုကို ဝမ်းနည်းစကားဆိုခဲ့တဲ့ မက်ဆီနဲ့ ရော်နယ်ဒို

1:40 PM, 30 December

နာမည်ကျော်ကစားသမား ၂ ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့က ပီလီကွယ်လွန်မှုအတွက် ဝမ်းနည်းစကားဆိုလိုက်ပါတယ်။

မက်ဆီကတော့ အင်စတာဂရမ်မှာ ပီလီကွယ်လွန်မှုကို “Rest in peace pele” လို့ တင်ခဲ့ပါတယ်။ ဒ့ါအပြင် မက်ဆီက ပီလီနဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံ၂ ပုံကိုလည်း တင်ခဲ့တာဖြစ်ပြီးတစ်ပုံက ၁၉၇၀ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေတဲ့ပုံကို တင်ခဲ့တာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း ရော်နယ်ဒိုက ပီလီကွယ်လွန်မှုကို တင်ခဲ့ပြီး “ဘရာဇီးနိုင်ငံအတွက် တကယ်ဝမ်းနည်းမိပါတယ်။ ပြီးတော့ ပီလီရဲ့မိသားစုတွေနဲ့ အတူ ထပ်တူဝမ်းနည်းမိပါတယ်”လို့ ရော်နယ်ဒိုကို ရေးသားခဲ့ပါတယ်။ ပီလီရဲ့သမီးဖြစ်သူ ကီလီကလည်း သူ့ဖခင်ကွယ်လွန်တဲ့အကြောင်းကို ရေးသားတင်ခဲ့ပါတယ်။ “မင်းရဲ့အချစ်တွေအပြင် အရာအားလုံးကို ကျေးဇူးတင်ပါတယ်။ အနားယူပါ”လို့ သူမက ရေးသားခဲ့ပါတယ်။

ပီလီဟာ ဘရာဇီးနိုင်ငံရဲ့အထင်ကရ ကစားသမားတစ်ဦးဖြစ်ပြီး ဘရာဇီးနဲ့အတူ ၁၉၅၈ နဲ့ ၁၉၇၀ ကမ္ဘာ့ဖလားတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပွဲပေါင်း ၁၃၆၃ ပွဲမှာလည်း ၁၂၇၉ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂင်းနစ်စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံအသင်းအတွက် ၉၂ ပွဲမှာ ၇၇ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

#ပီလီ #ရော်နယ်ဒို #မက်ဆီ