ရှေ့သို့
Image

ပီလီအတွက် အောက်မေ့ဖွယ်အခမ်းနားကို ၃ ရက်ကြာ ကျင်းပသွားမယ့်အကြောင်း ဘရာဇီးသမ္မတကိုယ်တိုင် ကြေငြာချက်ထုတ်ပြန်

9:18 AM, 30 December

ကမ္ဘာ့ဘောလုံးလောရဲ့သမိုင်းတစ်လျှောက်အကြီးကျယ်အခမ်းနားဆုံး ကစားသမားတွထဲမှ တစ်ဦးဖြစ်တဲ့ ဘရာဇီးဂန္ဓဝင် ပီလီအနေဖြင့် အူလမ်းကြောင်းကင်ဆာရောဂါကြောင့် ကြာသပတေးညမှာ ကွန်လွယ်ခဲ့တာကြောင့် ဘရာဇီး တစ်နိုင်လုံးအပါအဝင် ကမ္ဘာ့ဘောလုံးချစ်ပရိသတ်တွေအတွက်ပါ အကြီးအကျယ် ဝမ်းနည်းဖွယ်ရာဖြစ်နေရသလို ဘရာဇီးသမ္မတကိုယ်တိုင်က ခရစ်တော်ရုပ်ထုတွင် မီးစိမ်းထွန်းဂုဏ်ပြုစေသလို အောက်မေ့ပွဲအခမ်းအနားအနေဖြင့် ၃ရက်ကြာ ကျင်းပပေးသွားမှာ ဖြစ်တဲ့အကြောင်း အတည်ပြု ကြေငြာချက် ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

ပီလီအနေဖြင့် အူမကြီးရောဂါအတွက် ကာလရှည်ကုသမှု ခံယူနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ညမှာ ဆက်လက်အသက်ရှင်သန်နိုင်ခြင်းမရှိဘဲ ကွယ်လွန်ခဲ့တာဖြစ်ပြီး ဘရာဇီးအပြင် ကမ္ဘာ့တစ်ဝှမ်းမှ ဘောလုံးချစ်ပရိသတ်တွေအတွက် ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုကြီး အဖြစ် ခံစားစေခဲ့ရတာလည်း ဖြစ်ပါတယ်။

ဆန်းတို့စ်အသင်းနဲ့ ဘရာဇီးလက်ရွေးစင် အသင်းတို့အတွက် သမိုင်းတစ်လျှောက်သွင်းဂိုး အများဆုံး ကစားသမားအဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့သလို ကစားသမားတစ်ယောက်အနေဖြင့် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်တဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကိုလည်း ပီလီက ဘရာဇီးလက်ရွေးစင် အသင်းနဲ့အတူ ၃ကြိမ်အထိ ဆွတ်ခူးရယူထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

#ပီလီ #ဘရာဇီး