ရှေ့သို့
Image

သူ့ရဲ့ အပြောင်းအရွှေ့မှာ ဗန်ဒိုက်က ဘယ်လို ပါဝင်ပတ်သက်ခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ ဂတ်ပို

2:15 PM, 29 December

နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးဂတ်ပိုက ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မဖွင့်လှစ်ခင်မှာပဲ ပီအက်စ်ဗွီမှ လီဗာပူးဆီ တရားဝင်ပြောင်းရွှေ့ရောက်ရှိခဲ့ပါပြီ။

ဒီအပြောင်းအရွှေ့တရားဝင်ဖြစ်ပေါ်ခဲ့ပြီးနောက် ဂတ်ပိုက သူ့အတွက် ၂၀၂၂ ခုနှစ် ခရစ္စမတ်အချိန်အခါဟာ အလွန်အလုပ်များတဲ့ကာလတစ်ခုဖြစ်တယ်လို့ ဝန်ခံခဲ့သလို ယာဂန်ကလော့ပ်ရဲ့ အသင်းဆီ မပြောင်းရွှေ့မီ ဗန်ဒိုက်နဲ့ ပုံမှန်စကားပြောဖြစ်ခဲ့ပုံတွေကို ရှင်းပြခဲ့ပါတယ်။

လီဗာပူးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ဂတ်ခ်ပိုက “ ဒီကိစ္စက အရမ်းကို မြန်ဆန်ခဲ့သလို ခရစ္စမတ်ကာလလည်းဖြစ်တာကြောင့် တကယ်ကို ဗျာများခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ မိသားစုနဲ့အတူ တိုင်ပင်ခဲ့ရသလို ညှိနှိုင်းမှုတွေလည်း အဆုံးသတ်ခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ အရာရာတိုင်းနဲ့ အဝေးဆီ ခရီးထွက်ရပါတော့မယ်။ ဒါပေမယ့် အခုလို မိသားစုလေးရှိလို့ ပျော်ရွှင်ရသလို သက်သောင့်သက်သာလည်း ရှိပါတယ်။ ဒါက အရမ်းကို ကောင်းတာပါ”လို့ ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ဂတ်ပိုက သူ့ရဲ့ အန်ဖီးလ်ကလပ်ဆီ အပြောင်းအရွှေ့အပေါ် နယ်သာလန်အသင်းခေါင်းဆောင်၊ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ရဲ့လွှမ်းမိုးမှုအကြောင်းကို ဆက်ပြောပြခဲ့ပါတယ်။

“ပြီးခဲ့တဲ့ရက်တွေအတွင်း ကျွန်တော်တို့တွေ ဖုန်းနဲ့ စကားအများကြီးပြောဖြစ်ပါတယ်။ ဗန်ဒိုက် ပြောပြတဲ့အရာတွေကတော့ ဒီကလပ်ဆီပြောင်းရွှေ့မှုက ကျွန်တော့်အတွက် တိုးတက်လာဖို့နဲ့ ပိုကောင်းတဲ့ကစားသမားဖြစ်လာဖို့ အမှန်ကန်ဆုံး ရွေးချယ်မှုဖြစ်တယ်ဆိုတာပါပဲ။ နောက်ပြီး ဒီကလပ်အသင်းက အရမ်းကိုကြီးမားပြီး မိသားစုပုံစံမျိုးပဲဆိုတာကို ပြောပြခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ဒီအချက်က အရေးကြီးဆုံးအချက်လို့ပဲ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က မိသားစုဘဝကို အလေးထားတဲ့ လူမျိုးဖြစ်နေလို့ပါ။ သူက တကယ်ကောင်းတဲ့ အကြောင်းအရာတွေကို ပြောပြခဲ့တာပါ”လို့ ဂတ်ခ်ပိုက ဆိုပါတယ်။

ဂတ်ပိုက မန်ချက်စတာယူနိုက်တက်ဆီ ရောက်ရှိတော့မယ်လို့ အကြိမ်ကြိမ်သတင်းထွက်ခဲ့ပေမယ့် လီဗာပူးက သူ့ကိုခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ ခါးသီးပြိုင်ဘက်ကြီးကို အနိုင်ယူကျော်ဖြတ်ပြခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ဗန်ဒိုက်က အဓိကနေရာမှာ ပါဝင်ခဲ့ပြီး နယ်သာလန်တိုက်စစ်မှူးကို အန်ဖီးလ်ဆီခေါ်ဆောင်ဖို့ စည်းရုံးနိုင်ခဲ့ပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ဂတ်ပိုကို အိုးထရက်ဖို့ဒ်အရပ်ဆီ မသွားဖို့ ဗန်ဒိုက်က သတိပေးခဲ့ဖူးပါတယ်။ လီဗာပူးရဲ့တိုက်စစ်မှူးသစ်က မနက်ဖြန်ညမှာ ကစားမယ့် လက်စတာနဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်ကစားနိုင်ဖို့ မရှိဘဲ သူ့ရဲ့ပွဲဦးထွက်က ဇန်နဝါရီလအတွင်းမှာပဲ ဖြစ်နိုင်ပါလိမ့်မယ်။

#လီဗာပူး #ဗန်ဒိုက် #အပြောင်းအရွှေ့ #ဂတ်ပို