ရှေ့သို့
Image

ဂျော်ဒန်ပစ်ဖို့ဒ်ကို ခေါ်ယူရေး တော့တင်ဟမ်နဲ့ အပြိုင်နွှဲဖို့ရှိနေတဲ့ ပါလေရာ ယူနိုက်တက်နဲ့ ချဲလ်ဆီး

10:41 AM, 29 December

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ရလဒ်ပိုင်း ပိုမိုကောင်းမွန်းနိုင်ရန်အတွက် ကစားသမားဖြည့်တင်းမှုပြလုပ်ရန် ဆက်တိုက်ပြင်ဆင်မှု ပြုလုပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့က ဂိုးသမားနေရာအတွက် တော့တင်ဟမ်အသင်းက ပစ်မှတ်ထားနေတဲ့ အဲဗာတန်အသင်းရဲ့ ဂိုးသမား ပစ်ဖို့ဒ်ကို ခေါ်ယူနိုင်ရန် စိတ်ဝင်စားလာကြတာပဲ ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အဓိကဂိုးသမားအဖြစ် နေရာရထားတဲ့ ဂျော်ဒန်ပစ်ဖို့ဒ်အနေဖြင့် အဲဗာတန်အသင်းနဲ့ အတူ ထိပ်တန်းအဆင့် လက်စွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အပြင် ပါးရည်နပ်ရည်ရှိတဲ့ ကစားဟန်တွေကြောင့် ပရီးမီးယားလိဂ်အသင်းကြီးအချို့က ခေါ်ယူရန် စိတ်ဝင်စားလာကြတာဖြစ်ပြီး ပစ်ဖို့ဒ်အနေဖြင့် ပြီးခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာလည်း လက်စွမ်းပြကာကွယ်မှုတွေကြောင့် ဘောလုံးပရိသတ်တွေရဲ့ ချီးကျူးမှုကိုပါခံယူထားရတားလည်း ဖြစ်ပါတယ်။

ကမ္ဘာကျော်သတင်းဌာနတစ်ခုဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်အသင်းအပြင် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင် နိုင်ပွဲ ရှာဖွေထားနိုင်ခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ကလည်း ခေါ်ယူလိုနေကြတာ ဖြစ်ပါတယ်။

ယူနိုက်တက်၊ ချဲလ်ဆီး၊ တော့တင်ဟမ်အသင်းတို့က ပစ်ဖို့ဒ်ကို ရာသီကုန်မှာ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြတာဖြစ်ပြီး ၂၀၂၄ခုနှစ်မှာ စာချူပ်ကုန်တော့မယ့် အင်္ဂလန်လက်ရွေးစင်ဂိုးသမား အတွက် အဲဗာတန်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၈ သန်း ဝန်းကျင်ဖြင့် ရောင်းချသွားဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #တော့တင်ဟမ် #ပစ်ဖို့ဒ် #ပရီးမီးယားလိဂ်