ရှေ့သို့
Image

ဇွန်လမှာ ဘယ်လင်ဂမ်ကို အရခေါ်ယူနိုင်ဖို့ ယုံကြည်မှု အပြည့်ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

4:23 PM, 28 December

လာလီဂါအင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ဒေါ့မွန်အသင်းနဲ့အတူ တောက်ပတဲ့ ခြေစွမ်းပိုင်းကို ပြသကာ ဥရောပအသင်းကြီးအချို့ရဲ့ အာရုံစိုက်ခြင်းခံနေရတဲ့ ဘယ်လင်ဂမ်ကို လာမယ့် ရာသီကုန်အပြောင်းအရွှေ့အရောက်မှာ ခေါ်ယူသွားဖို့ စိတ်အားထက်သန်နေလျှက်ရှိတဲ့အကြောင်းကို စပိန်အခြစိုက် ကမ္ဘာကျော် သတင်းဌာနတစ်ခုဖြစ်တဲ့ မာကာသတင်းဌာနက ဖော်ပြလာတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာကြောင့် အန်ဇိုဖာနန်ဒက်ဇ်၊ ဘယ်လင်ဂမ်၊ ဂတ်ပို နဲ့ အူနာဟီတို့ကို ဥရောပအသင်းကြီးတွေက ခေါ်ယူနိုင်ရေးအတွက် ဆက်တိုက်ဆိုသလို ပြင်ဆင်လာကြပြီး နယ်သာလန်အသင်းနဲ့ အတူ တောက်ပခဲ့တဲ့ ပီအက်စ်ဗွီစတား ဂတ်ပိုကတော့ လီဗာပူအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီလည်း ဖြစ်ပါတယ်။
 
နည်းပြအန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် ကွင်းလယ်ပိုင်းကို အားဖြည့်နိုင်ရန်အတွက် အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူ လိုနေတာဖြစ်ပေမဲ့ အခြားခေါ်ယူနိုင်ခြေရှိတဲ့ အသင်းတွေ များပြားနေချိန်မှာ ဘင်ဖီကာအသင်းရဲ့ တောင်းဆိုးမှု ပမာဏမြင့်မားနိုင်ဖွယ်ရှိတာကြောင့် ဒေါ့မွန်အသင်းရဲ့ နာမည်ကျော် ကွင်းလယ်စတား ဂျူ့ဒ်ဘယ်လင်ဂမ်ကို ခေါ်ယူသွားဖို့ရန် စိတ်အားထက်သန်နေတာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက ဇွန် ၃၀အမှီ ဘယ်လင်ဂမ်ကို ခေါ်ယူသွားနိုင်ဖို့ ယုံကြည်မှု ရှိနေသလို ကစားသမားကိုယ်တိုင်ကလည်း ၂၀၂၁ - ၂၂ ဘောလုံး ရာသီမစတင်ခင်က ဒေါ့မွန် အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့် ချုပ်ဆိုဖို့ ငြင်းဆိုထားတာကြောင့် လာမယ့် ၂၀၂၂ - ၂၃ ဘောလုံးရာသီတွင် ဘယ်လင်ဂမ်အနေဖြင့် ဘာနေဗျူးကို ပြောင်းရွှေကစားမလားဆိုတာ စောင့်ကြည့်သွားရဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဒေါ့မွန် #ဘယ်လင်ဂမ်