ရှေ့သို့
Image

မန်စီးတီးနဲ့ ပွဲမှာ ဟာလန်းကို မဖြစ်မနေတားဆီးရမယ်လို့ ဂျက်ဆီမာ့ချ် ပြောကြား

10:13 AM, 28 December

လိဒ်ယူနိုက်တက်နည်းပြ ဂျက်ဆီမာ့ချ်က မိမိတို့ကစားသမားတွေအနေနဲ့ လာမယ့်ဗုဒ္ဓဟူးနေ့မှာ စီးတီးတိုက်စစ်မှူး ဟာလန်းကို ဟန့်တားနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

လိဒ်ယူနိုက်တက်ဟာ မနက်ဖြန်မှာ စီးတီးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး ကမ္ဘာ့ဖလားအပြီး ပထမဆုံးပြိုင်ပွဲလည်းဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမနားခင် စီးတီးတိုက်စစ်မှူး ဟာလန်းဟာ အသင်းအတွက် ၁၈ ပွဲမှာ ၂၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အဲ့ထဲမှာ ၁၈ ဂိုးကို ပရီးမီးယားလိဂ်မှာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

နော်ဝေသားဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားကို လွဲချော်ခဲ့တာဖြစ်ပြီး အားလပ်ရက်တွေကို စီးတီးမှာ လေ့ကျင့်ရင်းအချိန်ကုန်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က လီဗာပူးအသင်း ကာရာဘောင်ဖလားပွဲမှာလည်း ဟာလန်းတစ်ယောက် နောက်ထပ်သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

လိဒ်နည်းပြ ဂျက်ဆီမာ့ချ်ဟာ ယခင်တုန်းက ဆဲလ်ဘတ်ဂျ်မှာ နော်ဝေသားကို နည်းပြခဲ့တာဖြစ်ပြီး ၂၂ ပွဲမှာ ၂၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ၂၀၂၀ ဇန်နဝါရီတုန်းက ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့ပြီး ဂျက်ဆီက သူ့တပည့်ဟောင်းကို ဘယ်လိုတားရမယ်ဆိုတာကို သိထားတာဖြစ်ပါတယ်။

“သူ(ဟာလန်း) ဘယ်လောက်ကောင်းတယ်ဆိုတာ ကျွန်တော် သိထားပြီးသားပါ။ သူ့ကိုနည်းပြခဲ့တဲ့အချိန်တုန်းကလည်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သလို အခုလည်း စီးတီးမှာ စွမ်းဆောင်ပြနေပါတယ်။ အသင်းနောက်ခံလူတွေအနေနဲ့ သူ့ကိုမဖြစ်မနေသတိထားကစားမှာပါ။ သူ့ရဲ့အဆုံးသတ်စွမ်းရည်ကလည်း အကောင်းဆုံးအနေအထားမှာရှိပါတယ်”လို့ ဂျက်ဆီက ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #လိဒ်စ်ယူနိုက်တက် #ဟာလန်း #ဂျက်ဆီမာ့ရှ် #ပရီးမီးယားလိဂ်