ရှေ့သို့
Image

ကာတာနိုင်ငံမှာ မက်ဆီ တည်းခိုခဲ့တဲ့ ဟိုတယ်အခန်းကို ပြတိုက်အဖြစ် ပြောင်းလဲဖို့ စီစဉ်နေ

10:12 AM, 28 December

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲပြီးနောက် ပြိုင်ပွဲကာလအတွင်း မက်ဆီတည်းခိုခဲ့တဲ့ ကာတာတက္ကသိုလ်ရှိ ဟိုတယ်အခန်းကို ပြတိုက်တစ်ခုအဖြစ် ပြောင်းလဲဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မက်ဆီက အာဂျင်တီးနားရဲ့ ၃၆ နှစ်ကြာ ကမ္ဘာ့ဖလားအောင်ပွဲကို ရယူနိုင်ရေးအိပ်မက်မှာ အဓိကအစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့ပြီး ကမ္ဘာ့ဖလားဖိုင်နယ်သွင်းဂိုး ၂ ဂိုးအပါအဝင် ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသက်-၃၅ နှစ်အရွယ်တိုက်စစ်မှူးက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၇ ဂိုးသွင်းယူပေးပြီးနောက် ငွေဖိနပ်ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အခုလက်ရှိမှာလည်း မက်ဆီရဲ့အောင်မြင်မှုတွေက ရပ်တန့်သွားဟန်မရှိသေးဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း သူနေထိုင်ခဲ့တဲ့ ဟိုတယ်အခန်းကို ပြတိုက်ငယ်တစ်ခုအဖြစ် ပြောင်းလဲဖို့ စီစဉ်နေတယ်လို့ နာမည်ကြီးအာရပ်သတင်းထောက် ဘင်အာရက်ဒ်က Twitter လူမှုကွန်ရက်မှာ ရေးသားလာပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားလို့ သတ်မှတ်ခံထားရတဲ့ မက်ဆီ နေထိုင်ခဲ့ရာအခန်းကို အများပြည်သူ မြင်တွေ့ခွင့်ပေးဖို့ စီစဉ်လာခြင်းဟာ ဘောလုံးပရိသတ်တွေအတွက် စိတ်ကျေနပ်စရာ ဖြစ်လာမှာပါ။ ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ ပြင်သစ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အာဂျင်တီးနားက ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

#အာဂျင်တီးနား #မက်ဆီ #ကာတာကမ္ဘာ့ဖလား