ရှေ့သို့
Image

ကာလရှည်ပစ်မှတ် ဂတ်ပို လီဗာပူးရောက်သွားတဲ့အပေါ် ယူနိုက်တက် ပရိသတ်တွေ ပေါက်ကွဲနေ

2:36 PM, 27 December

ယူနိုက်တက်ပရိသတ်တွေဟာ လီဗာပူးအသင်း ကိုဒီဂတ်ပိုကို ခေါ်ယူသွားနိုင်ခဲ့ခြင်းအပေါ် လူမှုကွန်ရက်မှာ ဒေါသပုန်ထကာ ပေါက်ကွဲလျက်ရှိနေကြပါတယ်။

ဂတ်ပိုဟာ နွေရာသီမှာ အိုးထရက်ဖို့ဒ်ကို မရောက်လာခဲ့တဲ့အတွက် ဇန်နဝါရီမှာ ပြောင်းလာမယ်ဆိုပြီး အများက ထင်ကြေးပေနေကြတာ ဖြစ်ပါတယ်။ သတင်းတွေထဲမှာ နယ်သာလန်သားအတွက် ယူနိုက်တက်က ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဖော်ပြကြပေမယ့် တကယ်တမ်တမ်းမှာတော့ လီဗာပူးအသင်းက ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဗွီအသင်းကလည်း တောင်ပံကစားသမား ဂတ်ပိုကို လီဗာပူးထံ ရောင်းချလိုက်ပြီဖြစ်ကြောင်း ယမန်နေ့ညက ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါသတင်းကတော့ ယူနိုက်တက်အမာခံပရိသတ်တွေ အတွက် ပေါက်ကွဲစရာကိစ္စတစ်ခုဖြစ်သွားခဲ့တာပါ။

တွစ်တာမှာရေးသားခဲ့ရာမှာ ပရိသတ်တစ်ဦးက “ဂတ်ပိုကို မရလိုက်တာက ကြီးမားတဲ့အမှားတစ်ခု ဖြစ်လာလိမ့်မယ်။ ဘုတ်အဖွဲ့ကတော့ ဟာသပဲ။ ဒီကလပ်ကြီး ရောင်းချခံလိုက်ရတဲ့နေ့ကို ငါစောင့်နေမယ်”လို့ ပြောခဲ့ပါတယ်။ နောက်တစ်ဦးက “ဂတ်ပိုကို ဆုံးရှုံးလိုက်ရရင်တော့ ယူနိုက်တက်က တကယ်ကို ဟာသပဲ”လို့ ဆိုပါတယ်။ နောက်တစ်ယောက်ကလည်း “ဂတ်ပိုကို မရလိုက်တာလား။ ဒီအသင်းကတော့ ဟာသပဲကွာ”လို့ ဝေဖန်ခဲ့ပါတယ်။

တန်ဟက်စိတ်ကြိုက်ကစားသမားကို မခေါ်ယူခဲ့မှုကိုလည်း နောက်ထပ်ပရိသတ်တစ်ဦးက ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက် #ဂတ်ပို #ပရီးမီးယားလိဂ်