ရှေ့သို့
Image

သမီး ဖြစ်သူက ပီလီရဲ့ ကျန်းမာရေးအခြေအနေအကြောင်း ထုတ်ပြန်လာ

8:04 PM, 26 December

ပီလီရဲ့ သမီးဟာ သူမဖခင်ရဲ့ ရောဂါ ကုသမှု အခြေအနေကို လူမှု ကွန်ယက်မှာ ဓာတ်ပုံတင်ခဲ့ပြီး "ငါတို့အတူတူ နောက်ထပ် တစ်ည" လို့ ရေးသားခဲ့ပါတယ်။ အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ ပီလီဟာ အူမကင်ဆာရောဂါကို ပြီးခဲ့တဲ့ တစ်နှစ်ကျော်က စတင်ခံစားနေခဲ့ရပြီး ဆေးရုံတက်ကုသမှု ခံယူခံနေရတာ တစ်လကျော်ကြာပြီ ဖြစ်ပါတယ်။ 

လက်ရှိ ဘရာဇီးလက်ရွေးစင် ကစားသမား နေမာအပါအဝင် ဘောလုံးလောက က ပုဂ္ဂို‌လ်တွေက ပီလီကို ကျန်းမာစေဖို့ ဆုတောင်းစာတွေ ပို့သထားကြပါတယ်။ ပီလီရဲ့ သမီးဖြစ်သူ ကယ်လီနန်ဆီမန်တိုကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ပီလီရဲ့ ဆေးရုံကုသမှု အခြေအနေကို ဓာတ်ပုံနဲ့ တကွ လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။ 

အင်စတာဂရမ်မှာ 

"ကျွန်မတို့ ဒီမှာ ဆက်ရှိရပါဦးမယ်။ ယုံကြည်မှုနဲ့ နောက်ထပ်တစ်ညကို အတူတကွကျော်ဖြတ်ရပါဦးမယ်။ "

လို့ ရေးသားခဲ့ပါတယ်။ မကြာခင်ကမှာ သူမဟာ ပီလီအနေနဲ့ ခရစ္စမတ်ကာလကို ဆေးရုံမှာပဲ ဖြတ်သန်းရမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ 

"ကျွန်‌မတို့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့ပါတယ်။ အကြောင်းရင်းများစွာကြောင့် ဒီမှာဆက်နေတာက အကောင်းဆုံးဖြစ်မှာပါ။ ဒီဆေးရုံမှာက မိသားစုလိုမျိုးပဲ ဂရုစိုက်ပေးပါတယ်။ ကျွန်မတို့ ကြည်နူးစရာတချို့ကို ဖန်တီးသွားပါမယ်။ အားလုံးကိုလည်း ချစ်ပါတယ်။ နောက်တစ်ပတ်ကျရင် ကျန်းမာရေး အခြေအနေကို ပြန်ကြားပေးပါမယ်။ "

လို့ တင်ခဲ့ပါတယ်။ 

#ပီလီ