ရှေ့သို့
Image

ဘာစီလိုနာ အသင်း ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတဲ့အကြောင်းကို လီဝန်ဒေါစကီး ရှင်းလင်း

3:57 PM, 26 December

အခုရာသီမှာ ဘာစီလိုနာ အသင်းဟာ အကောင်းဆုံး အသင်းတသင်းအဖြစ် ပြန်လည်မွေးဖွားလာခဲ့တယ်လို့ ထင်ရပေမယ့် နောက်ပိုင်းမှာ ပြန်လည်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာဟာ အပြောင်းအရွှေ့အတွင်း ယူရိုသန်း ၁၅၀ လောက်အသုံးပြုခဲ့သလို လီဝန်ဒေါစကီးကိုလည်း ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ပိုလန်သားကို စပိန်ကလပ်က ယူရိုသန်း ၅၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဒီရာသီလာလီဂါ ၁၄ ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပေမယ့်လည်း ပိုလန်သားဟာ ၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

သတင်းဌာနနဲ့အင်တာဗျူးမှာ လီဝန်ဒေါစကီးက “ကျွန်တော် လာမယ့် ၂၀၂၃ မှာ ဘာစီလိုနာကို ပရိသတ်တွေ ဂုဏ်ယူရတဲ့အသင်းမျိုးဖြစ်စေချင်ပါတယ်။ ဘာဖြစ်လာမလဲဆိုတာ အတိအကျမသိပေမယ့် အကောင်းဆုံး ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် ဒီကိုရောက်လာပြီးနောက် အရမ်းပျော်ခဲ့ရပါတယ်။ ပထမ ၃၊ ၄ လလောက်တုန်းအကောင်းဆုံး ဖြစ်ခဲ့သလို လာလီဂါမှာလည်း ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဇန်နဝါရီမှာ ကစားမယ့်ပွဲက အရေးကြီးပါတယ်။ ချန်ပီယံလိဂ်ကနေပဲ ထွက်ခဲ့ရပါတယ်။ ကျွန်တော်တို့ လိုချင်သလိုမကစားနိုင်ခဲ့ပါဘူး။ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ ကျွန်တော်တို့ ဒဏ်ရာတွေ ရခဲ့ပါတယ်။  နောက်တန်းမှာဆို ၅ ယောက် ၆ ယောက်လောက်ရှိခဲ့ပါတယ်။ အဲ့တာကြောင့် ဟန်ချက်ပျက်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

ချန်ပီယံလိဂ်နဲ့ ပတ်သက်ပြီး လီဝန်ဒေါစကီးက “ကျွန်တော်တို့ တစ်ဆင့်ချင်းသွားရမှာပါ။ ကျွန်တော်တို့ ပိုကောင်းဖို့ လိုအပ်သလို အချိန်လည်း လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ အသင်းကောင်း တသင်းဖြစ်နေလို့ပါ။ တည်ငြိမ်မှုပြသဖို့ လိုအပ်ပါတယ်။ ဘာစီလိုနာက မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ကျွန်တော် ဘိုင်ယန်မှာ အားလုံးရခဲ့ပေမယ့် အခုက ကစားသမားဘဝနောက်တဆင့်တက်ခဲ့တာပါ။ ဆက်သွားပြီး ဘာစီလိုနာရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်နေပါတယ်”လို့ လီဝန်ဒေါစကီးက ပြောကြားခဲ့ပါတယ်။

#ဘာစီလိုနာ #လီဝန်ဒေါ့စကီး လာလီဂါ