ရှေ့သို့
Image

ကမ္ဘာ့ဖလား အတွေ့အကြုံကို ပြောပြလိုက်တဲ့ မက်ဒီဆင်

10:02 AM, 26 December

ကာတာကမ္ဘာ့ဖလားတွင် အင်္ဂလန်နှင့် အတူ ရှိခဲ့တဲ့အချိန်တွေအကြောင်းကို လက်စတာစီးတီး ကွင်းလယ်ကစားသမားဟာ မက်ဒီဆင်က ပြောဆိုလိုက်ပါတယ်။

၂၀၁၉ခုနှစ်တွင် ပထမဆုံး ပွဲထွက်ခွင့်ကို ရရှိခဲ့ပြီးနောက် ကွင်းလယ်ကစားသမားဟာ ဆောက်ဂိတ်ရဲ့ ၂၆ ဦး ကစားသမား စာရင်းတွင် ပါဝင်ခဲ့ပါတယ်။ သို့သော်လည်း အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ အသေးစားဒဏ်ရာကြောင့် ပွဲထွက်ခဲ့ရခြင်းမရှိခဲ့ပါဘူး။

ကွာတားဖိုင်နယ်တွင် အင်္ဂလန်ဟာ ပြင်သစ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပေမဲ့ အဆိုပါပွဲတွင် ရှိနေခဲ့ရတဲ့အတွက် မက်ဒီဆင်က ကျေးဇူးတင်နေတာဖြစ်ပါတယ်။ "ကျွန်တော်တို့ရဲ့ ကမ္ဘာ့ဖလားက စိတ်ပျက်ဖွယ်ရာ အဆုံးသတ်ခဲ့ရတာပါ" လို့ Sky Sports နှင့် အင်တာဗျူးမှာ မက်ဒီဆင်က ပြောပါတယ်။

"အရိုးသားဆုံးပြောရရင် ကျွန်တော်တို့ကစားခဲ့တာတွေ အနိုင်ရရှိတွေက တကယ်ကိုခံစားရပါတယ်။ ကျွန်တော်တို့က တကယ်ကိုကောင်းတဲ့ ပြင်သစ်အသင်းကို ရှုံးနိမ့်ခဲ့ရတာပါ။ အသင်းက အရမ်းကိုကောင်းပြီး ကျွန်တော်ဟာ နှစ်အနည်းငယ်လောက် လက်ရွေးစင်အသင်းမှာ မပါဝင်ခဲ့တာကြောင့် ကျွန်တော်မသိတဲ့ မျက်နှာသစ်ကစားသမားတွေ ပါဝင်နေပါတယ်" "တော်တော်ငယ်တဲ့ ကစားသမားတွေပါ၊ ဒါကြောင့် လှုပ်ရှားပြောင်းလဲဖို့ အရမ်းကိုလွယ်ကူပါတယ်။ ဝန်ထမ်းတွေအားလုံးနဲ့ နည်းပြတွေ အားလုံးက အတူတူပဲဖြစ်ကြပြီး ပါဝင်ပတ်သက်ဖို့ အရမ်းကို လွယ်ကူပါတယ်" "အသင်းဟာ ဒီလိုမျိုး တည်ဆောက်ထားတာကြောင့် ကျွန်တော်ဟာ ပွဲကစားခွင့်မရရှိခဲ့သော်လည်း အသင်း ထွက်ခွာရတဲ့အခါ ကြေကွဲဝမ်းနည်းမိတာပါ။ အခုတော့ ရှေ့ဆက်ပြီး အများကြီးတွေးနေမိပါတယ်" "ဒီလိုကစားသမားတွေနဲ့ လေ့ကျင့်ခဲ့ရပြီး သူတို့ရဲ့အဆင့်အတန်းကိုတွေ့မြင်ခဲ့ရတာက ကောင်းပါတယ်။ အခု ကျွန်တော် ကစားနိုင်ဖို့ကိုတော့ မျှော်လင့်မိပါတယ်" လို့ မက်ဒီဆင်က ပြောပါတယ်။

ကမ္ဘာ့ဖလားပွဲစဉ်များအပြီး ပရီးမီးယားလိဂ်ပွဲစဉ်များ ပြန်စတင်တော့မှာဖြစ်ကာ တနင်္လာနေ့ လက်စတာ အသင်းရဲ့ နယူးကာဆယ်နှင့် ကစားမယ့်ပွဲမတိုင်ခင် မက်ဒီဆင်က ပြန်လည်စစ်ဆေးမှုတွေ စမ်းသပ်မှုတွေခံယူရမှာဖြစ်ပါတယ်။

#အင်္ဂလန် #လက်စတာ #မက်ဒီဆင် #၂၀၂၂ကမ္ဘာ့ဖလား